မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် အမျိုးသမီးတွေရဲ့ ပံ့ပိုးပါဝင်မှုတွေကို အသိအမှတ်ပြုပြီး ကျားမ တန်းတူညီမျှရေး အတွက် အားပေး ဆောင်ရွက်ကြတဲ့ ကမ္ဘာလုံးဆိုင်ရာ အခါသမယဖြစ်သလို အမျိုးသမီးတွေရဲ့ အောင်မြင်မှုတွေကို အထူးတလည် ဖော်ထုတ် ဂုဏ်ပြုတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားဖို့ ရှိပြီး သူ့အစိုးရက ဘယ်လို ကိုင်တွယ် ဆောင်ရွက်နေသလဲ ဆိုတာတွေကို ပြောကြားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ သမ္မတ အိမ်ဖြူတော်ကနေ ဗွီအိုအေသတင်းထောက် Anita Powell ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ နိုင်ငံရဲ့ စီးပွားရေး၊ သန္ဓေသား ဖျက်ချခွင့်ဆိုင်ရာ အခွင့်အရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ယူကရိန်းစစ်ပွဲ နဲ့ ဂါဇာစစ်ပွဲ စတဲ့ ကိစ္စရပ်တွေမှာ သူ့အစိုးရက ဘယ်လို ကိုင်တွယ် ဆောင်ရွက်နေသလဲ ဆိုတာတွေကို ပြောကြားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ပစိဖိတ်ဒေသနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ကာကွယ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ အကြီးအကျယ် ရင်ဆိုင်လာနေရတာမို့ အာဆီယံနဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ငွေကြေး အမြောက်အများ တိုးမြှင့်သုံးစွဲသွားမယ်လို့ သြစတြေးလျနိုင်ငံက ပြောဆိုလိုက်ပါတယ်။
ဂျပန်မှာ အမျိုးသမီးတွေ ပထမဦးဆုံးအကြိမ် ပါဝင်ဆင်နွှဲတဲ့ ကိုယ်လုံးတီးပွဲတော်ကျင်းပ၊ ခရိုအေးရှားမှာတော့ အမျိုးသမီး တဦးက ရေခဲပြင်အောက် မီတာ ၁၄၀ အနက် အထိ ဘာအထောက်အကူမှ မပါဘဲ အလွတ်ရေငုပ်ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
မြန်မာပြည်သူတွေရဲ့ အခြေအနေတွေ လိုအပ်ချက်တွေ ကြုံရတဲ့ စိန်ခေါ်ချက် ဒုက္ခတွေ အဲဒါတွေကိုလည်း သူတို့ နားထောင်ပြီးတော့ .. အဲဒီကနေပြီးတော့မှ ပြည့်စုံကုံလုံတဲ့ သုံးသပ်ချက် လွှမ်းခြုံမှုရှိတဲ့ သုံးသပ်ချက်တွေနဲ့ အဖြေရှာချင်တယ် ဆိုတဲ့ဟာမျိုး ထိုင်းအောက်လွှတ်တော်ရဲ့ ဒုဥက္ကဌကလည်း ပြောသွားတယ်။
စစ်တပ်က အာဏာသိမ်းတာကို လက်မခံနိုင်သလို၊ စစ်တပ်ထဲမှာ စစ်မှုထမ်းဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ လူငယ်အမျိုးသမီးတွေက ပြောပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ လူငယ် အမျိုးသမီးနဲ့ မိခင်တချို့ရဲ့ အမြင်တွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။
တိုင်းရင်းသားလူမျိုးစုတွေ ရာနဲ့ချီ ရှိတဲ့ အင်ဒိုနီးရှားမှာ စိုက်ပျိုးရေးနဲ့ စက်မှုလယ်ယာလုပ်ငန်းတွေဟာ ဌာ နေတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ ဘဝနေထိုင်မှုတွေနဲ့ ထိပ်တိုက် ပဋိပက္ခဖြစ်တာ မကြာခဏကြုံရလေ့ရှိပါတယ်။ ဆူမားတြားကျွန်းက အော်ရန် ရင်းဘား (Orang Rimba) လူမျိုးစုတွေအကြောင်း မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ယူကရိန်းစစ်ပွဲ ၂ နှစ်တာကာလတွင်း ယူကရိန်းပြည်သူတွေဟာ သူတို့စစ်တပ်ကို ထောက်ပံ့နိုင်ဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ ငွေကြေးရန်ပုံငွေတွေ ရှာခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဖေဖော်ဝါရီလဟာ အာဖရိကနွယ်ဖွား လူမည်းတွေကိုဂုဏ်ပြုတဲ့ Black History Month လူမည်းသမိုင်းတင်လ ဖြစ်ပါတယ်။ လော့စ်အိန်ဂျယ်လိစ်မြို့မှာတော့ အမေရိကန်ပြည်ထောင်စုမှာကြီးပြင်းလာတဲ့ လူမည်းအနုပညာရှင်တွေက သူတို့ကြီးပြင်းလာတဲ့အတွေ့အကြုံတွေကို ဖော်ပြတဲ့ အနုပညာပြပွဲတခု ကျင်းပနေပါတယ်။
အမေရိကန်ပြည်ထောင်စု ငါးပြတိုက်တခုက ငါးလိပ်ကျောက်မကြီး သားဖောက်အဖော်မပါဘဲ ကိုယ်ဝန်ရ၊ ကော်ဆိုဗိုနိုင်ငံက ကြက်မည်းမျိုးနွယ်တမျိုးဟာ ကြက်တွန်သံမထွက်ဘဲ ထူးခြားတဲ့ white noice အဖြူရောင်ဆူညံသံနဲ့တွန်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ကရင်ပြည်နယ် ဘုရားသုံးဆူးမြို့ကနေ ထိုင်းနယ်စပ်ဖြတ်ကျော်ဖို့ ဝင်လာသူတွေ အခု သီတင်းပတ်ထဲမှာ သိသိသာသာများပြားလာတယ်လို့ ဘုရားသုံးဆူကို ပြေးဆွဲနေတဲ့ ကားသမားနဲ့ မြို့ခံတွေက ပြောပါတယ်။ အများစုက လူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
ဗုဒ္ဓဘာသာထွန်းကားပါတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းက ဘာသာရေးကို အသုံးချပြီး မသန်စွမ်းသူတွေအပေါ် ဖိနှိပ်တာ၊ လစ်လျူရှုတာ၊ ပစ်ပယ်တာတွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်လို့ ပန်းချီဆရာမခင်သီတာပိုင်က ပြောပါတယ်။ သူ့ရဲ့ ဖြတ်သန်းမှုတချို့ကို ဒုတိယပိုင်းအဖြစ် မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
ယူကရိန်းစစ်ပွဲ ၂ နှစ်ရှိလာချိန်မှာ ကလေးငယ်တွေ ဘေးကင်းလုံခြုံအောင် ကြိုတင်ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကို ယူကရိန်းက မူကြိုနဲ့ စာသင်ကျောင်းတွေမှာ အသိပညာပေး၊ သင်တန်းပေးတာတွေကို စနစ်တကျ စတင်လာပါတယ်။
ယူကရိန်းမှာ မူကြိုကျောင်းတွေကစပြီး စစ်ပွဲအန္တရာယ်နဲ့ ဘေးကင်းလုံခြုံရေးကို သင်ကြားပေးနေပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ ဗုံးခိုကျင်းကို စနစ်တကျမဆောက်နိုင်သလို ပညာပေးလုပ်ငန်းစဥ်အတွက်လည်း အထောက်အကူပစ္စည်းတွေမရှိလို့ သင်ကြားရေးမှာတောင် အခက်တွေ့နေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲ ချစ်သူများနေ့မှာ ဘောလုံးပန်းရောင်တွေ၊ ချောကလက်တွေနဲ့ မဲဆန္ဒရှင်တွေကို ကြိုဆို၊ မီးခြစ်ဆံသစ်သားချောင်းနဲ့ဆောက်တဲ့ ၂၃ ပေကျော် အီဖယ်မျှော်စင်ပုံစံတူ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစံချိန် ချိုး၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီးတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့်ဥပဒေကြောင့် လူငယ်တွေကြား စိုးရိမ်ပူပန်မှုတွေနဲ့ ဘဝအိပ်မက်တွေပါ ရိုက်ချိုးခံလိုက်ရတယ်လို့ လူငယ်တချို့က ပြောပါတယ်။ လူငယ်အများအပြား ပြည်ပနိုင်ငံတွေကို ထွက်ဖို့ ပြင်ဆင်လာကြ
အနုပညာကို ငယ်ငယ်ကတည်းက ဝါသနာပါခဲ့ပေမဲ့ ပန်းချီမှာ အားသန်ခဲ့တာကိုတော့ အသက် ၃၀ ကျော်မှ ရှာဖွေ သိခဲ့တယ်လို့ ပန်းချီဆရာမ (ဒေါ်)ခင်သီတာပိုင်က ပြောပါတယ်။ ပိုလီယို ရောဂါကြောင့် အသက် ၁ နှစ်လောက်ကစပြီး မသန်စွမ်း ဘဝနဲ့ နေခဲ့ရပြီး ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပေမဲ့ အရှုံးမပေးဘဲ ဘဝ အိပ်မက်ကို အကောင်အထည် ဖော်နေသူပါ။
ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ လေထဲဒေါင်လိုက်တီးပြရတဲ့ စန္ဒာယား၊ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာဆီပြည်နယ်က တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာရဲ့ ရည်စားဟောင်းရည်စူးသင်းကွပ်တဲ့ အစီအစဉ် လူကြိုက်များ၊ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်