အမေရိကန်ပြည်ထောင်စုမှာ ဆောင်းဦးပေါက်ဝင်စ ခုလို ရာသီရောက်ပြီဆိုရင် ရွှေဖရုံသီးပွဲတော်တွေ ကျင်းပကြလေ့ရှိပါတယ်။ ဝါရှင်တန်မြို့တော်အပြင်ဘက်က Butler’s Orchard ဆိုတဲ့ မိသားစုယာခင်း တခုဆီ ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ ဗွီအိုအေ သတင်းထောက် Deborah Block ပေးပို့တဲ့သတင်းကိုတော့ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာစစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တဦးချင်းစီကို ပစ်မှတ်ထား အရေးယူဖို့ မြန်မာ့အရေး ဆိုင်ရာ ကုလအချက်အလက်ရှာအဖွဲ့ ဥက္ကဋ္ဌ Marzuki Darusman က တိုက်တွန်းပါတယ်။ ဒီအပေါ် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေရဲ့ သံအမတ်ကြီးတွေ ဘယ်လို တုံ့ပြန်ကြပါသလဲ။ မခင်ဖြူထွေး တင်ပြပေးပါမယ်။
ဆော်ဒီ သတင်းထောက် Jamal Khashoggi သေဆုံးမှုနဲ့ပတ်သက်လို့ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ ဖြေရှင်းချက်ကို အမေရိကန် ပါတီကြီး နှစ်ရပ်စလုံးက ဥပဒေပြုလွှတ်တော်အမတ်တွေကတော့ ယုံကြည်မှု သိပ် မရှိကြပါဘူး။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Michael Bowman ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ လွှတ်တော်ရွေးကောက်ပွဲတွေကို စနေနေ့မှာ နိုင်ငံတဝှမ်းကျင်းပဖို့ရှိနေပါတယ်။ ချမ်းသာကြွယ်ဝနေကြတဲ့ နိုင်ငံရေးသမားတွေက ဆင်းရဲသား မဲဆန္ဒရှင်တွေရဲ့ ပြဿနာတွေကို နားလည်ကြပါ့မလား ဆိုပြီး မေးခွန်းထုတ်ကြပါတယ်။ ကာဘူးလ်မြို့တော်ကနေ Ayesha Tanzeem ပေးပို့တဲ့သတင်းကို မခင်ဖြူထွေး တင်ပြပေးပါမယ်။
အစွန်းရောက်ဝါဒ၊ စစ်သွေးကြွတွေနဲ့ ဘာသာရေးအစွန်းရောက်တွေအကြောင်း၊ နိုင်ငံရေးမှာ စစ်တပ်က စွက်ဖက်တဲ့ကိစ္စတွေကို ထုတ်ဖော်ရေးသားကြတဲ့ သတင်းထောက်တွေအတွက် စစ်အာဏာသိမ်းမှု သမိုင်းအစဉ်အလာရှိခဲ့တဲ့ ပါကစ္စတန်နိုင်ငံဟာအန္တရာယ်များလှပါတယ်။ Ayesha Tanzeem က သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
နှလုံးရောဂါ၊ ကင်ဆာနဲ့ စိတ်ပိုင်းဆိုင်ရာ ကစင့်ကလျား ဖြစ်တာလို ရောဂါတွေ သက်သာပျောက်ကင်းစေဖို့အတွက် ကုသတဲ့နည်းတွေထဲက တိရစ္ဆာန်တွေရဲ့ အကူအညီကို ယူပြီး ရောဂါသက်သာရာရရေး ကုသတဲ့နေရာမှာ ၊ အခုနောက်ပိုင်း မြည်းတွေကို သုံးလာတာလည်း ရှိပါတယ်။ Faith Lapidus ပေးပို့တဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန်တရားရုံးချုပ်တရားသူကြီးနေရာအတွက်သမ္မတဒေါ်နယ်ထရမ့် အဆိုပြုထားတဲ့ တရားသူကြီး Brett Kavanaugh ကို အတည်ပြုသင့်မသင့်အမေရိကန်အထက်လွှတ်တော်အမတ်တွေသုံးသပ်နေပါတယ်။ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲအထက်လွှတ်တော်တရားရေးကော်မတီရှေ့မှောက်ကြားနာပွဲ ကျင်းပခဲ့တာပါ။ Michael Bowmanရဲ့သတင်းလွှာကိုမခင်ဖြူထွေးကတင်ပြပေးပါမယ်။
ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲမှာအာဏာရပါတီအနိုင်ရခဲ့ပြီးနောက် ဖမ်းဆီးထားသူ အတော်များများကို ပြန်လွှတ်ပေးလိုက်ပေမဲ့ အတိုက်အခံနိုင်ငံရေးပါတီခေါင်းဆောင်ကိုတော့ အချိန်တခုအထိ ဆက်ပြီးဖမ်းဆီးထားရဦးမယ့် အခြေအနေ ရှိနေပါတယ်။ ဖနွမ်းပင်မြို့တော် ကနေ David Boyle ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးကပြောပြပါမယ်။
အမေရိကန်ပြည်ထောင်စုမှာ လူတွေသေဆုံးရတဲ့ အကြောင်းရင်းတွေထဲ ကိုယ့်ကိုယ်ကို သတ်သေမှုက နံပါတ် ၁၀ မြောက် အဆိုးဆုံးနေရာမှာရှိနေပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေမှုတွေ လျော့ကျရေး အထောက်အကူ ဖြစ်နိုင်မယ့် smartphone app တခုကိုတော့ ဆယ်ကျော်သက်မောင်နှစ်မ နှစ်ဦးက တီထွင်လိုက်ပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။
အမေရိကန် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ သမ္မတသက်တမ်းဝက်ကာလ လွှတ်တော်ရွေးကောက်ပွဲတွေအတွက် မဲပေးကြရပါတော့မယ်။ ပဏာမရွေးကောက်ပွဲတွေနဲ့ အထူးရွေးကောက်ပွဲ ရလဒ်တွေအရ လာမယ့်နိုဝင်ဘာလွှတ်တော်ရွေးကောက်ပွဲဟာ နိုင်ငံရေးအရအကျိတ်အနယ် ယှဉ်ပြိုင်ရမယ့်ပွဲ ဖြစ်နေပါတယ်။ Jim Malone ပေးပို့တဲ့သတင်းကို မခင်ဖြူထွေး ပြောပြပေးပါမယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လမ်းသွားလမ်းလာတွေ ဘေးကင်းလုံခြုံစေဖို့အတွက် ယာဉ်စည်းကမ်းဥပဒေတွေကို ပိုတင်းကျပ် ပြဌာန်းပေးဖို့ တောင်းဆိုခဲ့ကြတဲ့ ကျောင်းသားဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ Zlatica Hoke ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အာမေးနီးယားနဲ့ ယူကရိန်းနိုင်ငံကနေ ရွှေ့ပြောင်းလာသူ ballet အကပညာရှင်နှစ်ဦးကတော့ အခုအခါ သူတို့ဖြစ်ချင်တဲ့အတိုင်း အမေရိကန်ပြည်ထောင်စုမှာ အောင်မြင်တဲ့ ballet အက ဖျော်ဖြေသူတွေ ဖြစ်နေပါပြီ။ သူတို့အကြောင်း Karina Bafradzhian ပေးပို့တဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
လူတွေ ထိခိုက်ဒဏ်ရာရကြတဲ့အခါ ခြေတွေ လက်တွေ အပြီးတိုင် ဆုံးရှုံးရတဲ့ အခြေအနေမျိုး မဖြစ်အောင် ကုသနိုင်မယ့် နည်းလမ်းတွေကို ဆရာဝန်တွေက နှစ်ပေါင်း ၃၀ ကျော် သုတေသနလုပ် ရှာဖွေနေကြပါတယ်။ ဗွီအိုအေ သတင်းထောက် Carol Pearson ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ရုရှားနိုင်ငံမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲတွေကို လူအများအပြားအားပေးခဲ့ကြသလို အမေရိကန်ပြည်ထောင်စုမှာလည်း သမီးတွေ ဘောလုံးကန်တာကို အားပေးတဲ့ မိဘတွေ များလာနေတာကြောင့် အမျိုးသမီး ဘောလုံးသမားတွေ ပိုတိုးလာဖို့ ရှိနေပါတယ်။ Genia Dulot ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပါမယ်။
၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွေကို လာရောက်ကြည့်ရှုကြတဲ့ကမ္ဘာတဝှမ်းက ဘောလုံးဝါသနာရှင်တွေကရုရှားနိုင်ငံရဲ့ ဖော်ရွေမှုကို ချီးကျူးကြပေမယ့် ရုရှားမှာနေထိုင်ခွင့်ရဖို့ ကြိုးစားနေတဲ့ Ivory Coast နိုင်ငံက ဘောလုံးသမားတယောက်ရဲ့အတွေ့အကြုံကတော့ ကွာခြားပါတယ်။ Charles Maynes ရဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပါမယ်။
အိန္ဒိယမြောက်ပိုင်း Dharamshala မြို့ကို ရောက်တတ်တဲ့ တိဘက်ဒုက္ခသည်ဦးရေဟာ တရုတ်အစိုးရက တိဘက်ဒေသတွင်း ထိန်းချုပ်မှုတွေပိုတင်းကျပ်ပြီး နီပေါအစိုးရနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလာတာကြောင့် ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း သိသိသာသာကျသွားပါတယ်။ Anjana Pasricha ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပါမယ်။
ဇူလိုင် ၆ ရက်ကစလို့ တရုတ် သွင်းကုန်ပစ္စည်းတွေ အပေါ် အခွန် ဒေါ်လာ ၃၄ ဘီလျံ အမေရိကန်က စတင် စည်းကျပ်ဖို့ရှိနေတာကို လက်တုန့်ပြန်တဲ့အနေနဲ့ တရုတ်က အမေရိကန်အပေါ် အခွန်ပြန်စည်းကျပ်မယ့်အပေါ် ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်နေကြပါတယ်။ VOA သတင်းထောက် Arash Arabasadi ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
NATO မဟာမိတ်အဖွဲ့ဟာ အဖွဲ့ဝင် အရေအတွက်ကို လက်ရှိ ၂၉ နိုင်ငံကနေ နိုင်ငံ ၃၀ ၊ ၃၀ ကျော်အထိ တိုးချဲ့ ဖွဲ့စည်းဖို့လည်း ရှိနေပါတယ်။ NATO အဖွဲ့ဝင်နိုင်ငံတွေ တိုးလာနိုင်တဲ့အခြေအနေက ရုရှားအတွက် ဘယ်လိုရိုက်ခတ်မှုတွေ ရှိလာနိုင်မလဲဆိုတာ Jane Bojadzievski ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
နှစ်တွေနဲ့ချီသုတေသနလုပ်ခဲ့ရပြီး ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဒေါ်လာငွေ သန်း ၄၀၀ လောက် သုံးစွဲခဲ့ရပြီးနောက်မှာတော့ Impossible Burger လို့ နာမည်ပေးထားတဲ့ အသားလုံးဝမပါဘဲ အသားလိုအရသာရှိတဲ့သက်သက်လွတ် ဘာဂါကို ဖန်တီးလိုက်နိုင်ပါပြီ။ Faiza Elmasry ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန်ုမှာ၂၀၁၈ ခုနှစ် ဟာရီကိန်းမုန်တိုင်း ရာသီအတွက် ကြိုတင် ပြင်ဆင်သွားကြဖို့ အရေးပေါ် တုံ့ပြန်ကိုင်တွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အစိုးရအရာရှိတွေဟာ ဒေသန္တရ အစိုးရအရာရှိတွေနဲ့အတူ လက်တွဲ လုပ်ဆောင်နေပါတယ်။ Zlatica Hoke ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်