VOA to Asia ဌာနရဲ့ အပတ်စဉ်စီးပွားရေးကဏ္ဍမှာ နိုင်ငံခြားမှာ အခြေချလုပ်ကိုင်နေတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်း တချို့ အိမ်ပြန်လာနေကြတဲ့အကြောင်းနဲ့ အိန္ဒိယနိုင်ငံဟာ စီးပွားရေးလုပ်ကိုင်ရတာ လွယ်ကူတဲ့နိုင်ငံတခုဖြစ်လာနေပြီဆိုတဲ့ အကြောင်း Schuyler Ogden ရဲ့သတင်းလွှာကို ကို ကျော်အောင်လွင်တင်ပြပေးထားပါတယ်။
ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ အာရှခရီးစဉ်အတွင်း အနည်းဆုံး ဒေါ်လာ ဘီလီယံ ၃၀၀ ဖိုးလောက် သဘောတူညီမှုတွေ ရခဲ့ ပြီး မကြာခင် ကာလအတွင်း ၃ ဆလောက် တိုးလာလိမ့်မယ်လို့လည်း သူထင်တဲ့အကြောင်း သမ္မတထရမ့်က ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာကျင်းပနေတဲ့ ASEAN ထိပ်သီးဆွေးနွေးပွဲကတော့ ဒီကနေ့ပဲအဆုံးသတ်မှာပါ။ အမေရိကန်သမ္မတ Donald Trump နဲ့ ဖိလစ်ပိုင်သမ္မတRodrigo Duterte တို့၂ဦး မနေ့က တွေ့ဆုံခဲ့ကြပြီး မူးယစ်ဆေးဝါးတိုက် ဖျက်ရေး၊ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေကိုပြောဆိုခဲ့ကြပါတယ်။ သမ္မတထရမ့်ရဲ့အာရှ၅နိုင်ငံခရီးစဉ် ကိုလည်း ဒီကနေ့ပဲအဆုံးသတ်မှာပါ။
အာရှ ၅ နိုင်ငံကို ခရီးထွက်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်ဟာ ၂ ရက်ကြာ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်ကို ဒီကနေ့ အဆုံးသတ်မှာဖြစ်ပြီး တရုတ်နိုင်ငံကို ခရီးဆက်မှာပါ။
အာရှ၅နိုင်ငံကိုခရီးထွက်နေတဲ့ အမေရိကန်သမ္မတDonald Trump ဟာ ဂျပန်နိုင်ငံကနေ တောင်ကိုရီးယားကို ဒီကနေ့ခရီး ဆက်ပါလိမ့်မယ်။ မြောက်ကိုရီးယားအရေးက သမ္မတထရမ့်ရဲ့အခုခရီးစဉ်မှာ အဓိကလွှမ်းမိုးထားတဲ့အကြောင်းအရာပါ။
အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်ရဲ့ အာရှ ၅ နိုင်ငံ ခရီးစဉ်ကို အခုတပတ်ထဲမှာပဲ စတင်ပါလိမ့်မယ်။ ဒီခရီးစဉ် မစခင်မှာဘဲ တရုတ်နိုင်ငံဘက်က အကောင်းမြင်တဲ့ မျှော်လင့်ချက်တွေနဲ့ ကြိုတင်ပြောဆိုတာတွေ ရှိနေပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးမှာ တာဝန်ယူခဲ့သူ၂ဦးနဲ့ သမ္မတ ထရမ့်ရဲ့နိုင်ငံခြားရေး အကြံပေးပုဂ္ဂိုလ်ဟောင်းတို့ကို FBI အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့က နိုင်ငံတော်ကိုဆန့်ကျင်တဲ့ ပူးပေါင်းကြံစည်မှုအပါအဝင် တခြားစွပ်စွဲချက်တွေနဲ့ စွဲချက်တင်ခဲ့ပါတယ်။ သမ္မတအိမ်ဖြူတော်ကတော့ ဒီအမှုတွေက သမ္မတထရမ့်ရဲ့ရွေး ကောက်ပွဲမဲဆွယ်မှုနဲ့ဘာမှမပတ်သက်ဘူးလို့ဆိုပါတယ်။
VOA to Asia ဌာနရဲ့ အပါတ်စဉ်စီးပွါးရေးကဏ္ဍမှာ နာမည်ကြီးဂျပန်သံမဏိ ကုမ္ပဏီတခုက သူတို့သတ္တုပစ္စည်းတွေနဲ့ပတ်သက်တဲ့ အချက်အလက်အမှန်တွေကို ထိမ်ချန်ထားတဲ့ အကြောင်းနဲ့ Airbnb လုပ်ငန်းတွေ ပေကျင်းမြို့မှာ ပိတ်ထားရတဲ့အကြောင်း Schuyler Ogden ရဲ့သတင်းလွှာကို ကို ကျော်အောင်လွင်တင်ပြပေးမှာပါ။
တရုတ် ကွန်မြူနစ်ပါတီရဲ့အခြေခံ ဥပဒေထဲမှာ သမ္မတ Xi Jinping ရဲ့ အမည်ကို မနေ့က ထည့်သွင်းလိုက်တာကြောင့် ကွန်မြူနစ် တရုတ်နိုင်ငံကို ထူထောင်သူ မော်စီတုန်းနဲ့ တတန်းတည်းလို ဖြစ်သွားပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ အာရှ ၅နိုင်ငံ ခရီးစဉ်ကို နိုဝင်ဘာလ ၃ရက်နေ့မှာစတင်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ပိုပြီး အမှောင်ကျစေမယ့်ခေတ်ထဲကို ကမ္ဘာကြီးဆက်မရောက်သွားအောင်ကြိုးပမ်းဖို့ရည်ရွယ်တဲ့ခရီးစဉ်တခုလည်းဖြစ် တယ်လို့ သမ္မတအိမ်ဖြူတော်ကပြောပါတယ်။
ကွမ်းအစားထိုးစိုက်ပျိုးမှုတွေလုပ်ကြဖို့ ထိုင်ဝမ်အစိုးရက ငွေစိုက်ပြီး ကူညီနေတဲ့အကြောင်းနဲ့ တောင်ကိုရီးယားမှာ ပင်စင်စားတွေနဲ့အသက်ကြီးရင့်သူတွေအတွက် အကုန်အကျတွေများနေ တယ်ဆိုတဲ့အကြောင်း Schuyler Ogden ရဲ့သတင်းလွှာကို ကို ကျော်အောင်လွင်တင်ပြပေးမှာပါ။
အမေရိကန်သမ္မတ Donald Trump ဟာ နောက်လထဲမှာ အာရှ ၅နိုင်ငံကို ခရီးထွက်ပါလိမ့်မယ်။ အဲဒီခရီးစဉ်မှာ မြောက်ကို ရီးယားရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ဖိအားသစ်တွေထပ်ပေးဖို့နဲ့ အမေရိကန်ရဲ့ စီးပွါးရေးအကျိုးစီးပွါး အာရှ နိုင်ငံအတွေအကြား မြှင့်တင်ဖို့ကိစ္စတွေကို အာရုံစိုက်ပြီး ပြောဆိုဆွေးနွေးသွားဖို့ရှိတယ်လို့ အိမ်ဖြူတော်ကကြေညာပါ တယ်။
အောက်တိုဘာလ ၁၀ ရက်နေ့ဟာ မြောက်ကိုရီးယားနိုင်ငံက လက်ရှိ အာဏာရ အလုပ်သမားပါတီ တည်ထောင်တဲ့ ၇၂ ကြိမ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပြီး အခု ရက်ပိုင်းတွေအတွင်း ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေ ထပ်ပြီး လုပ်လိမ့်ဦးမယ် ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်နေပါတယ်။
မြောက်ကိုရီးယားနဲ့ဆက်ဆံဖို့ အမေရိကန်ရဲ့နှစ်ပေါင်း၂၀ကျော်ကြိုးပမ်းမှုတွေဟာ အောင်မြင်မှုမရှိခဲ့ဘူးလို့ အမေရိ ကန်သမ္မတ Donald Trump က မနေ့ကပဲပြောလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကတော့ ကျူးကျော်ရန်စမှုတွေကို ကာကွယ်ရေးမှာ နျူကလီးယားလက်နက် အစီအစဉ်က အဖိုးတန်လက်နက်တခုပဲလို့ ပြော နေပါတယ်။
ဘင်္ဂလားဒေ့ချ်နိုင်ငံကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာမူဆလင် ဒုက္ခသည်တွေအတွင်း ဝမ်းရောဂါ ကူးစက်ပျံ့ပွါးမယ့် အရေးကို ကာကွယ်ထိမ်းချုပ်ဖို့ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက အရှိန်မြှင့်ပြီး ဆောင်ရွက်နေကြပါတယ်။
VOA to Asia ဌာနရဲ့ အပါတ်စဉ်စီးပွါးရေးကဏ္ဍမှာ မကာအိုကျွန်းနားက ကျွန်းတခုကို ကမ္ဘာလှည့် ခရီးသည်တွေစိတ်ဝင်စားအောင် တရုတ်နိုင်ငံကစီစဉ်နေတဲ့အကြောင်းနဲ့ ဂျပန်နိုင်ငံက ဟိုတယ်တွေမှာ စက်ရုပ်ဝန်ထမ်း တွေသုံးဖို့ပြင်ဆင်နေတဲ့အကြောင်း Schuyler Ogden ရဲ့သတင်းလွှာကို ကို ကျော်အောင်လွင်တင်ပြပေးမှာပါ။
ဂျာမနီနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် Angela Merkel က လေးကြိမ်မြောက် သက်တမ်းအတွက် အနိုင်ထပ်ရသွားခဲ့ပါတယ်။ ဒါကြောင့် အစိုးရသစ်ဖွဲ့စည်းဖို့ ရွေးကောက်ပွဲအနိုင်ရ တခြားပါတီတွေနဲ့ စတင် ဆွေးနွေး နေပါပြီ။ ဒီအကြောင်း ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။
ဂျာမနီနိုင်ငံမှာတနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် Angela Merkel က လေးကြိမ်မြောက် သက်တမ်းအတွက် အနိုင်ထပ်ရသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့သုံးလ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်ရုံးရေးတွေစလုပ်ခဲ့တဲ့ အချိန်ကတည်းက သူပဲ အနိုင်ရလိမ့်မယ် လို့အများကတွက်ထားကြတာပါ။
၇၂ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အမေရိကန် သမ္မတ ဒေါ်နလ်ထရမ့်က ပထမဆုံး အကြိမ်အဖြစ် မနေ့ က မိန့်ခွန်းပြောကြားခဲ့ပြီး မြောက်ကိုရီးယားနဲ့IS စစ်သွေးကြွ အဖွဲ့တို့ကို အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွါးနေတဲ့အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြတဲ့ဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေလိုအပ်နေသလို လုံခြုံ စိတ်ချရတဲ့ နေရာတွေကို အမြန်ဆုံးရွှေ့ပြောင်းပေးဖို့ လည်းလိုနေတယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ အစည်းတွေက ပြောနေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်