မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာထွက်ပြေးသူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နှစ်နိုင်ငံသဘောတူညီချက်များအရ ဥပဒေနဲ့အညီ ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။ နေရာစွန့်ခွာသူများ ပြန်လည်လက်ခံရေး စိစစ်တဲ့အပိုင်းတွေမှာ လက်ခံရေးစခန်းအသစ်တွေတည်ဆောက်ထားပြီဖြစ်ပြီး အရင်လိုကြန့်ကြာနေတော့မှာ မဟုတ်ဘူးလို့လည်းပြောပါတယ်။
မြန်မာ့ငွေစက္ကူများပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေဖို့အဆိုကို ဒီကနေ့ ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးရာမှာတော့ တပ်မတော်သားကိုယ်စားလှယ်အားလုံးက ကန့်ကွက်ခဲ့ပေမဲ့ ထောက်ခံသူများလို့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
စွယ်စုံရအနုပညာရှင် ဒါရိုက်တာဝင်းဖေဟာ ရုပ်ရှင်ရိုက်တော့လည်း သူ့ရဲ့ရုပ်ရှင်တွေ အောင်မြင်သလို၊ အခု အသက်အရွယ်ကြီးရင့် အငြိမ်းစားယူချိန်မှာ ပန်းချီတွေဆွဲတော့လည်း သူ့ကားတွေကို လူကြိုက်များတာပါ။ တချိန်ကအနုပညာကျောင်း ကျောင်းအုပ်ကြီးလည်းဖြစ်ခဲ့သူ ဦးဝင်းဖေရဲ့အကြောင်း ကိုကောင်စံဟိန်းက ရိုက်ကူးတင်ပြထားပါတယ်။
“ ဒီမှာ ဖြစ်နေတဲ့ ကိစ္စတွေကို ထဲထဲဝင်ဝင် လာကြည့်ဖို့ သူက ဖိတ်ခေါ်တဲ့ဟာပေါ့လေ။ ဖိတ်ခေါ်တဲ့ဟာလည်း ကောင်းပါတယ်။ ဒါပေမယ့် အန္တရာယ် ရှိတယ် ဘာညာ ဆိုတော့ ပြောတော့ ပြောပါတယ်။ ဆိုတော့ ကျနော်တို့က အရင်ကတည်းက ဒါက ပြည်တွင်း မီဒီယာတွေနဲ့ ကြည့်ရမယ့်ဟာပေါ့။ အဲတော့ ဒါ နည်းနည်းလေး နောက်ကျတယ်လို့ ကျနော်ထင်တယ်။
မြန်မာနိုင်ငံမှာ တချိန်က အသုံးပြုခဲ့ပြီး အခုတော့ သိပ်တောင်မတွေ့ရတော့တဲ့ ကားတွေကို ပုံစံတူ ကားအသေးလေးတွေအဖြစ် မျိုးဆက်သစ်တွေလည်း သိစေဖို့ ရည်ရွယ်ချက်ရော ဝါသနာအရင်းခံနဲ့ရော ဖန်တီးဖြစ်ပါတယ်ဆိုတဲ့ ကိုဇေယျနဲ့ သူ့အကြောင်းအစီအစဉ်မှာ မိတ်ဆက်ပေးမှာပါ။ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
မလေးရှားနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်နေတဲ့ အားကစားသမားတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ လာရောက်အားပေးကြတဲ့ ပရိသတ်တွေရဲ့လုံခြုံရေးနဲ့ ပက်သက်ပြီး မလေးရှား ဆီးဂိမ်းကော်မတီ၊ မလေးရှားအာဏာပိုင်လုံခြုံရေးအဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ မလေးရှားနိုင်ငံမြန်မာသံရုံးက တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေတက်ပြီး ရေလွှမ်းမိုးမှုကြောင့် လူဦးရေတစ်သောင်းကျော်လောက် ရေဘေးဒုက္ခနဲ့ကြုံနေရတယ်လို့ မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကပြောပါတယ်။
မြန်မာ့ရိုးရာ ထန်းလျက်ကို အသွင်သစ်နဲ့ ဈေးကွက်တင်ဖို့ ထန်းလျက်ခဲပုံစံကို နဲနဲပြင်လိုက်သလို တခြားအရသာတွေနဲ့ ရောစပ်၊ ထုတ်ပိုးမှုပုံစံကိုလည်း နိုင်ငံတကာအဆင့်မှီ ဒီဇိုင်းဆန်းနဲ့ ထုတ်ပိုးဖြန့်ဖြူးတဲ့ ဒေါက်တာချိုလဲ့အောင်နဲ့ တွေ့ဆုံပြီး သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်းက ရိုက်ကူးတင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လူထုလှုပ်ရှားမှု ပေါ်ပေါက်ခဲ့တာ ၂၉ နှစ် ပြည့်လာပေမဲ့ ရည်မှန်းချက်တွေ မပြည့်ဝသေးတဲ့အကြောင်း ၁၉၈၈ ခုနှစ် လူထုအုံကြွမှုမှာ ဦးဆောင်သူတွေက ပြောဆိုလိုက်ကြပါတယ်။ ရန်ကုန်မြို့က ရှစ်လေးလုံး အခမ်းအနားကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုကောင်းစံဟိန်းက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအရပ်သားအစိုးရ ဦးဆောင်တဲ့ နိုင်ငံတော် တစ်ရပ်ထူထောင် နိုင်ခဲ့ပေမယ့် ရှစ်လေးလုံးအရေးတော်ပုံရဲ့ တောင်းဆိုချက်တွေ အပြည့်အဝမရရှိသေးဖူးလို့ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ကြသူတွေကပြောပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့ကိုတော့ ၂၀၀၈အခြေခံဖွဲ့စည်းပုံဥပဒေပြင်ဆင်နိုင်ဖို့ လိုအပ်တယ်လို့ ဒီကနေ့ကျင်းပတဲ့ ၂၉ကြိမ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အခမ်းအနားမှာ ပြောသွားကြတာပါ။
ခေတ်သစ်နည်းပညာတွေ၊ နိုင်ငံခြား ကစားစရာတွေကို အရမ်းကြိုက်တဲ့ မြန်မာကလေးသူငယ်တွေကြားမှာ မြန်မာပြည်ဖြစ် ရိုးရာကစားစရာတွေ ရိုးရာတူရိယာပစ္စည်းလေးတွေကို Facebook လူမှုကွန်ယက်ပေါ်ကနေ ရောင်းချနေသူကတော့ ဒေါက်တာအောင်ဟိန်းပါ။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်းက ရိုက်ကူးတင်ဆက်ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ နဲ့ ရန်ကုန်မှာ အစိုးရနှုတ်ထွက်ရေးအတွက် ဆန္ဒပြနေတဲ့ သံဃာတော်အချို့ ဒီကနေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံ ညှိနှိုင်းခဲ့ပါတယ် အစိုးရ တာဝန်ရှိသူတွေကတော့ သပိတ်စခန်းတွေနဲ့ပတ်သက်ပြီး သံဃာ့မဟာနာယကအဖွဲ့နဲ့ ညှိနှိုင်းပြီးမှ ဥပဒေအတိုင်းငြိမ်းချမ်းစွာ လုပ်ဆောင်သွားမယ် လို့ပြောပါတယ်။
သာမန်ပန်းချီရေးဆွဲနည်းလို ပိတ်ကားစတွေပေါ်မှာ ဖန်တီးရေးဆွဲတာ မျိုးမဟုတ်ဘဲ တစ်ရှူးစက္ကူတွေပေါ်မှာပန်းချီရေးခြယ်တဲ့ အမျိုးသမီး ဖက်ရှင်ဒီဇိုင်နာ နာတာရှာသွင်ရဲ့ အကြောင်းတစ်စေ့တစောင်းကို ကိုကောင်းစံဟိန်းက တင်ဆက်ပါလိမ့်မယ်။
ကမ္ဘာ့ကုလသမ္မဂ္ဂက ၁၉၈၄ ခုနှစ်မှာ ပြဌာန်းလိုက်တဲ့ လူ့ဂုဏ်သိက္ခာကျဆင်းစေတဲ့ ပြစ်ဒဏ်ပေးမှူ ဆန့်ကျင်ရေး နိုင်ငံတကာသဘောတူစာချုပ်ကို မြန်မာနိုင်ငံအနေနဲ့ အမြန်ဆုံးရေးထိုးနိုင်ဖို့လိုတယ်လို့ တက်ကြွသူတွေက ပြောပါတယ်။ မနေ့ကပြုလုပ်တဲ့ ဒီအခမ်းအနား အကြောင်း ကိုကောင်းစံဟိန်းကတင်ပြထားပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂရဲ့ ၁၉၈၄ခုနှစ်မှာ စတင်ပြဌာန်းလိုက်တဲ့ ညှဉ်းပန်းနှိပ်စက်မှု နှင့်အခြား ရက်စက်လူမဆန်သော (သို့မဟုတ်) လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှု (သို့မဟုတ်) ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေး နိုင်ငံတကာသဘောတူစာချုပ်ကို မြန်မာနိုင်ငံအနေနဲ့ အမြန်ဆုံးရေးထိုးနိုင်ဖို့ လိုတယ်လို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေက ပြောလိုက်ပါတယ်။
နံရံတွေပေါ်မှာ ပန်းချီဖန်တီးတဲ့ ဂရပ်ဖီတီသမားတွေအတွက် ပန်းချီအခြေခံရှိဖို့လိုအပ်ယုံတင်မကပဲ ကိုယ့်အမြင်ကို သတ္တိရှိရှိနဲ့ဖေါ်ထုတ်ရ ဖို့လည်းလိုအပ်တယ်လို့ ဂရပ်ဖီတီဖန်တီးသူ ကိုအာကာကျော်ကပြောပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း တင်ဆက်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်မှာ မိုးရွာသွန်းမှု အားကောင်းပြီး လေပြင်းထန်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကလေးလုပ်သား အများအပြားရှိနေရတာဟာ ပြည်တွင်းစစ်ဖြစ်နေတာနဲ့ သဘာဝဘေး အန္တရာယ်တွေကြောင့်ဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါ တယ်။
ဖခင်မဲ့ကလေး မိခင်တွေအပေါ်ခွဲခြားဆက်ဆံတတ်တဲ့ အယူအဆကြောင့် မွေးကင်းစ ကလေးငယ် စွန့်ပစ်မှုတွေ မြန်မာပြည်မှာ နေ့စဉ်နဲ့အမျှ ဖြစ်နေပြီး စောင့်ရှောက်ကူညီမှုတွေ ကျယ်ကျယ်ပြန့်ပြန့် မရှိပါဘူး။ ဒီကလေးငယ်တွေကို ထိမ်းသိမ်း စောင့်ရှောက်ပေးနေတဲ့ ရန်ကုန်က ကိုဖိုးဇော်အကြောင်း ကိုကောင်စံဟိန်းက တင်ဆက် ထားပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံက ထုတ်ကုန်ပစ္စည်းတွေကို တနေရာတည်းမှာဝယ်ယူနိုင်မယ့် ကုန်ပစ္စည်းဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ ၃ ရက်ကြာ ကျင်းပနေပါတယ်။ အပြည့်အစုံကို ကိုကောင်းစံဟိန်း တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်