ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက် သေဒဏ်ချခံရ 

အင်းစိန်ထောင် အဝင်ဝဂိတ်နှင့် ထောင်ဝန်ထမ်းတချို့။ အောက်တိုဘာ ၁၁၊ ၂၀၁၁။


[[Zawgy/Unicode]]

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်ကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ နိုဝင်ဘာလ ၃၀ ရက်နေ့က သေဒဏ်အမိန့်ချမှတ်ခဲ့ပါတယ်။ ကမ္ဘာ့ရတနာဘဏ်ခွဲတခုမှာjဖစ်ခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ စွပ်စွဲဖမ်းဆီးခံရသူတွေဖြစ်ပါတယ်။ စစ်ခုံရုံးမှာစစ်ဆေးတာဖြစ်လို့ သူတို့အနေနဲ့ ရှေ့နေအမှုလိုက်ခွင့်မရဘဲ စစ်ခုံရုံးမှာပဲ သူတို့ကို စစ်ဆေးအမိန့်ချခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ တောင်ဒဂုံမြို့နယ်မှာ အခုနှစ် ဧပြီလ ၁၈ ရက်နေ့က ‌ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ရတနာဘဏ် ဓါးပြတိုက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေလို့ဆိုပြီး ကျောင်းသား ၇ ယောက်စလုံး ဖမ်းဆီးတရားစွဲ အမိန့်ချခဲ့ပါတယ်။ သူတို့ကို ဧပြီလ ၂၂ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ (က) လူသတ်မှုနဲ့ စစ်ခုံရုံးတင် စစ်ဆေးမှုခဲ့တာဖြစ်ပါတယ်။ သူတို့တွေကို မနေ့ နိုဝင်ဘာ ၃၀ ရက်နေ့က အင်းစိန်အကျဉ်းထောင်၊ စစ်ခုံရုံးကနေ သေဒဏ် အမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက်က ဗွီအိုအေ ကိုပြောပါတယ်။

“သူတို့ ၇ ယောက်ကို ၂၀၂၂ ခုနှစ် ဧပြီလကဖြစ်ခဲ့တဲ့ ကမ္ဘာ့ရတနာဘဏ် ပစ်ခတ်မှုဖြစ်စဉ်ပေါ့၊ အဲဒီမှာ ဘဏ်မန်နေဂျာ သေဆုံးခဲ့တဲ့ပစ်ခတ်မှုဖြစ်စဉ်ပေါ့။ အဲဒါနဲ့ပတ်သက်လို့ ဖမ်းဆီးအရေးယူတယ် လို့ ကျနော်တို့သိရပါတယ်။ ကျနော်တို့ ဒဂုံတက္ကသိုလ်မှာဆိုရင်တော့ သေဒဏ်ချမှတ်ခံရတာ ဒီ ၇ ယောက်ရယ်၊ အစောပိုင်းဘက်က သေဒဏ်ချမှတ်ခံထားရတဲ့ တယောက်ရယ်ဆို စုစုပေါင်း ၈ ယောက်ရှိပါတယ်။ သူတို့ကိုချမှတ်ထားတဲ့ သေဒဏ်နဲ့ပတ်သက်လို့ကတော့ သူတို့မိသားစုဝင်တွေကတော့ နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဒီလိုမျိုး ဖမ်းဆီးသတ်ဖြတ် တာတွေကို ပိုပြီး အာရုံစိုက်တားဆီးဖို့၊ ဖိအားပေးတာတွေလုပ်ဖို့ ဆန္ဒရှိပါတယ်။”

စစ်ခုံရုံးမှာ စစ်ဆေးတဲ့အမှုဖြစ်လို့ ရှေ့နေခေါ်ခွင့်မရခဲ့သလို ဖမ်းဆီးခံရချိန်ကနေစပြီး လက်ရှိ သေဒဏ်ပေးခံရချိန်အထိ ဘယ်မိသားစုဝင်တွေနဲ့မှ တွေ့ခွင့်မရခဲ့ဘူးလို့ မိသားစုနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကတဆင့် သိရပါတယ်။ သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားတွေကတော့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင်တို့ဖြစ်ပါတယ်။ သူတို့အားလုံးဟာ စစ်တပ်ကအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။ ခုလို သူတို့ကို သေဒဏ်ချမှတ်လိုက်တဲ့အပေါ် သမဂ္ဂအနေနဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကပြောပါတယ်။

“စစ်ကောင်စီဘက်က တရားမဲ့သတ်ဖြတ်မှုတွေက စဉ်ဆက်မပြတ်လုပ်နေခဲ့တာပါပဲ။ အရင်တုန်းကလည်း လမ်းမတွေပေါ်မှာရော စစ်ကြောရေးစခန်းတွေ၊ အကျဉ်းထောင်တွေထဲမှာကော အများအပြား သတ်ဖြတ်ခံခဲ့ရတာပါပဲ။ ခုချိန်ကျတော့ သူတို့တွေက တရားရုံးတွေကိုအသုံးချပြီးတော့ ဥပဒေနဲ့အညီပေါ့ဗျာ သူတို့အပြောပေါ့။ နောက်ပြီးတော့ ဒါ လုပ်ထုံးလုပ်နည်းအရ ဒီလိုမျိုး သေဒဏ်ချပါတယ်ဆိုပြီး ပုပ်သိုးဆွေးမြေ့နေတဲ့ တရားဥပဒေတွေ၊ တရားရုံးတွေဘက်ကနေ ခုတုံးလုပ်ပြီး လူသတ်ဖို့ကြိုးစားတဲ့ကိစ္စပါ။ ဒီကိစ္စကို ဘယ်နည်းနဲ့ပဲ သူတို့သည် လူသတ်သည်ဖြစ်စေ၊ ဘယ်နည်းနဲ့ မဆို လူထုကိုဖိနှိပ်တာဖြစ်စေ ကျနော်တို့ပြင်းထန်စွာဆန့်ကျင်ပါတယ်။ ဒီလိုဖြစ်ရပ်တွေထပ်မဖြစ်ဖို့အတွက်ဆိုရင် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်တိုက်ဖျက်ဖို့လိုပါတယ်။ အဲဒါအတွက်ကို ဆက်အရှိန်မြင့်ဖို့ရှိပါလိမ့်မယ်။ တဘက်မှာတော့ နိုင်ငံတကာဘက်က အခုလို တရားမဲ့လူသတ်မှုတွေကိုတော့ ပိုပြီးအာရုံစိုက်ဖို့ လိုပါတယ်၊ ပိုပြီးအာရုံစိုက်သင့်တယ်လို့‌ ပြောချင်ပါတယ်။”

သူတို့ကို စစ်ခုံရုံးက ဒီလို အမိန့်ချလိုက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာတာမျိုးမရှိသေးပါဘူး။ သူတို့ကို မကြာခင်မှာပဲ သေဒဏ်စီရင်မယ်ဆိုပြီး လူမှုကွန်ယက်တွေမှာ သတင်းပြန့်နေပေမယ့်လည်း ဒါကိုတော့ VOA က သီးခြားအတည်မပြုနိုင်ပါဘူး။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ နိုဝင်ဘာ ၃၀ ရက်နေ့ အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၁၇,၀၀၀ နီးပါးရှိခဲ့ပြီး အဲဒီအထဲက ၁၄,၀၀၀ နီးပါး အကျဉ်းထောင်အသီးသီးမှာ အကျဉ်းချခံထားရပါတယ်။ သေဒဏ်ကျခံထားရတဲ့ အကျဉ်းသား အယောက် ၉၀ ထက်မနည်းရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက် သေဒဏ်ချခံရ.mp3

====================

[[Unicode]]

ဒဂုံတက်ကသိုလျကြောငျးသား ၇ ယောကျ သဒေဏျခခြံရ





