ဖားကန့်တိုက်ခိုက်ခံရမှု သေဆုံးသူတိုး

KIO ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ /ဗုံးကြဲတိုက်ခိုက်ခံရတဲ့ မြင်ကွင်း။ (Crd: KNG)

[[Zawgyi/Unicode]]

ဖားကန့်မြို့နယ် အနန့်ပါရွာတိုက်ခိုက်မှုမှာ သေဆုံးသွားသူတွေကို အင်္ဂါနေ့က သဂြိုဟ်ခဲ့တာမှာ အနည်းဆုံး ၆၀ အထက်မှာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ပြင်ပကို ယူဆောင်ဆေးကုခွင့်မရတာနဲ့ ပြင်ပကကူညီရေးအဖွဲ့တွေဝင်ရောက်ခွင့် မပေးတာကြောင့် သေဆုံးသူတွေ ထပ်မံတိုးမြင့်လာနေကြောင်းလည်း ပြောတာတွေ ရှိနေပါတယ်။ အနန့်ပါရွာ တိုက်ခိုက်ခံရမှု နောက်ဆုံးအခြေအနေ ရန်ကုန်ကလာတဲ့သတင်း ကိုအောင်အောင်က ပြောပြထားပါတယ်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ ၉ နယ်မြေ ဖြစ်တဲ့ ဖားကန့်မြို့နယ် အနန့်ပါ ရွာမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တည်ထောင်တဲ့ ၆၂ နှစ်ပြည့်အခမ်းအနားအဖြစ် ဂီတပွဲကျင်းပနေချိန် ဒီလ ၂၃ ရက်နေ့ည ၈ နာရီကျော်မှာ စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အမြောက်အများ သေဆုံး ထိခိုက်ဒဏ်ရာရခဲ့ကြတာပါ။ ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသူအနည်းဆုံး ၆၀ ကျော်ကို အင်္ဂါနေ့က အခင်းဖြစ်ပွားရာနားမှာပဲ သြင်္ဂဟ် ခဲ့ကြောင်းနဲ့ ဆေးရုံပို့ဆောင်ပြီး ဆေးဝါးကုသမှုမရတာကြောင့် သေဆုံးသူစာရင်း ထပ်မံ မြင့်တက်နေကြောင်း ဒေသတွင်း အခြေအနေကို စောင့်ကြည့်လေ့လာနေသူတဦးက VOA ကို ပြောပါတယ်။

“မနေ့က သြင်္ဂ ိုဟ်လိုက်တာက အဲဒီမှာ ပုံနေတဲ့အလောင်းတွေကျတော့ ပြီးသလောက်တော့ သြင်္ဂ ိုဟ်လိုက်ပြီ။ အနည်းဆုံး ၆၀ လောက်တော့ သြင်္ဂ ိုဟ်လိုက်တာပေါ့။ အဲဒီဖြစ်တဲ့နေရာမှာပဲ သြင်္ဂ ိုဟ်ကြတယ်တဲ့။ ဘယ်သူမှ အပြင်ထွက်ခွင့်မရဘူး။ အခုက ဆေးကုလို့မရတဲ့အခါကျ တောက ဆေးရွက်တွေနဲ့ KIA တွေက သူတို့အတွက်ယူထားတဲ့ ဆေးတွေနဲ့ပဲကုတဲ့အခါကျတော့ ထိရောက်မှုမရှိလို့။အခုလည်း ဒဏ်ရာရတဲ့သူကဆက်ပြီးမှ သေတဲ့လူလည်း ရှိတယ်တဲ့။ အခုက သေတဲ့သူစာရင်းက အနည်းဆုံး ၇၀ အထက်တော့ ရှိမယ်လို့ အားလုံးက ပြောနေကြတာ။”

သေဆုံးသူတွေထဲမှာ KIA အရာရှိနဲ့ တပ်ဖွဲ့ဝင် တဒါဇင်လောက်ပါဝင်ပြီး ကျန်သူတွေဟာ အရပ်သားတွေဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

“KIA လူကြီးဘက်က သေတာ အနည်းဆုံးကတော့ ၁၂ ယောက်လောက်ရှိတယ်။ အများစုကတော့ ပြည်သူလူထုတွေလေ။ လောပန်းတွေ ရှိတယ်။ ကျနော်သိတာတောင်မှ ၃- ၄ ယောက် ပါသွားတယ်။ နောက် အနုပညာရှင်တွေ ပါတာလည်း မှန်တယ်။ နာမည်အတိအကျ မရသေးလို့လေ။ တချို့ကျတော့ မျက်နှာတွေ မကွဲပြားတော့ဘူးလေ။ အကုန်လုံးက တစစီ ဖြစ်သွားတဲ့အခါကျတော့ ဘယ်သူက ဘယ်သူ ပါသွားတယ်ဆိုတာ အခုထိ စစ်ဆေးလို့ မရသေးဘူးပေါ့။ အဲလိုဖြစ်နေတာ။”

KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ နောက်ဆုံးရ ထိခိုက်၊ သေဆုံးသူစာရင်းကို အခုလို အတည်ပြုပြောဆိုပါတယ်။

“မနေ့က ညနေပိုင်းရတဲ့ အသေအပျောက်စာရင်းတွေကတော့ သေသွားတာကတော့ ၆၂ ဦး။ နောက်ပြီးတော့ ဒဏ်ရာရတာကတော့ ဒါလည်း ၆၂ ဦး။ အဲဒါ မနေ့က ညနေပိုင်းရတာ။ သင်္ဂြ ိုဟ် တာတွေကတော့ အားလုံးပြီးလောက်ပါပြီ။ တချို့တွေကတော့ ပြာအိုးနဲ့ ယူပြီးမှ တခြားနေရာမှာ လုပ်တာတွေကတော့ ရှိမှာပါ။ အလောင်းတွေကတော့ အားလုံးပြီးလောက်ပါပြီ။”

အနန့်ပါရွာ တိုက်ခိုက်ပြီးနောက်မှာလည်း တပ်မဟာ ၉ နယ်မြေဘက်ကို အသွားအလာပိတ်ပင်ထားတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ဆေးကုသဖို့ အခက်ဖြစ်နေကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ဒီဗုံးကြဲတဲ့နောက်ပိုင်းမှာလည်း တပ်မဟာ ၉ ဘက်ကိုတော့ သွားရေးလာရေး အားလုံးကတော့ အကျပ်အတည်းဖြစ်နေပါတယ်။ စစ်ကောင်စီက ဂိတ်တွေချပြီးမှ လူဝင်လူထွက်တွေကို ခွင့်မပြုပါဘူး။ အားလုံးက စီစစ်တဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် လူနာတွေလည်း ပိတ်မိတဲ့အနေအထားဖြစ်ပါတယ်။”

စစ်ကောင်စီဘက်ကတော့ ဒီလေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူနဲ့ ကချင်အဆိုတော်တွေ သေဆုံးတယ်ဆိုတာ ကောလဟလသာဖြစ်ကြောင်းနဲ့ သေဆုံးသူတွေဟာ KIA တပ်မဟာမှူးအပါအဝင် KIA တပ်ဖွဲ့ဝင်တွေနဲ့ PDF တွေသာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ KIA အရာရှိတွေအပါအဝင် အနည်းဆုံး ၃၂ ယောက်သေဆုံးတဲ့ စာရင်းကတော့ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပြီး Celebrities တွေနဲ့ အရပ်သားသေဆုံးတဲ့ အမည်စာရင်းအတိအကျ သတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။

ဒီလို တိုက်ခိုက်ဟာလည်း KIA က စစ်ကောင်စီတပ်စခန်းတွေနဲ့ စစ်ကြောင်းတွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် လက်တုံ့ပြန်တာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက အနန့်ပါရွာဟာ KIA တပ်မဟာ ၉ ရဲ့ဌာနချုပ်နယ်မြေဖြစ်ကြောင်း ဖော်ပြထားပေမယ့် KIA ဘက်ကတော့ ဒါဟာ တပ်စခန်းမဟုတ်ကြောင်းနဲ့ ခရီးသွားတွေ ခေတ္တနားခိုရာ ဈေးဆိုင်တန်းစခန်းငယ်ဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။စစ်ကောင်စီတပ်က အနန့်ပါရွာ အဝင်အထွက်ကို အခင်းဖြစ်ပွားပြီးနောက် ယနေ့အထိ ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဖားကန့်တိုက်ခိုက်ခံရမှု သေဆုံးသူတိုး.mp3

==============

[[Unicode]]


ဖားကန့ျတိုကျခိုကျခံရမှု သဆေုံးသူတိုး










