သီးခြားလွတ်လပ်တဲ့ ထိုင်ဝမ်ကျွန်းအနာဂါတ် ပြောင်းလဲသွားတဲ့အထိ သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ သုံးသပ်နေကြတဲ့ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ DPP ပါတီက William Lai Ching-te အနိုင်ရသွားပါပြီ။ တရုတ်ပြည်မကြီးက ဖိအားတွေကြားက မဲဆန္ဒရှင်တွေ ဘယ်လိုဆုံးဖြတ်မဲပေးခဲ့ကြပါသလဲ။ ကိုယ်တိုင်မဲပေးခဲ့တဲ့ Radio Taiwan International သတင်းဌာန မြန်မာပိုင်းအစီအစဉ်ကကို Thomas Chen ကို မစုမြတ်မွန် Zoom က ဆက်သွယ်ပြီး ရွေးကောက်ပွဲ မဲပေးတဲ့ အတွေ့အကြုံကို မေးမြန်းထားပါတယ်။
Radio Taiwan International သတင်းဌာန မြန်မာပိုင်းအစီအစဉ်က Thomas Chen ကို ရွေးကောက်ပွဲ ရလာဒ် ထွက်မလာခင်လေးမှာ မစုမြတ်မွန်က ဆက်သွယ်မေးမြန်းခဲ့တာပါ။