ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ သာကေတအပါအဝင် ရန်ကုန်တိုင်းမြို့နယ်တချို့ လုံခြုံရေးတင်းကျပ်

ရန်ကုန်တိုင်း၊ သံလျင်ကျူးကျော်တဲတွေ ဖျက်ခိုင်းစဉ် လုံခြုံရေးချထားပုံ။ (အောက်တိုဘာ ၂၈၊၂၀၂၁)

{{Zawgyi/Unicode}}

ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ စစ်ဆေးမှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေ တိုးပြီးလုပ်နေတယ်လို့ ရန်ကုန်ဒေသခံတချို့က ပြောပါတယ်။ အထူးသဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်ထဲက ကျူးကျော်အိမ်ရာနဲ့ လမ်းဘေးဝဲယာက ဆိုင်ခန်းတွေကို ရှင်းလင်းပြီးတဲ့နောက် ရပ်ကွက်လမ်းတွေ၊ လူနေအိမ်တွေကိုပါ စစ်ဆေးမှုတွေ တိုးပြီး လုပ်နေတယ်လို့ ပြောပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ ဒီသတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာ၊ မရမ်းကုန်း၊ သာကေတ အပါအဝင် မြို့နယ်တချို့မှာ မနေ့ နိုဝင်ဘာ ၁၈ ရက်နေ့က ပေါက်ကွဲမှုနဲ့ လက်နက်ငယ်ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ဒီနေ့အဲဒီမြို့နယ်တွေမှာ စစ်ကောင်စီဘက်က လုံခြုံရေးအင်အား အများအပြားနဲ့ လမ်းတချို့ကိုပိတ်ပြီး ရပ်ကွက်အတွင်း ဝင်ရောက် စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ကိုင်တဖွဲ့က မနေ့ညက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဒီနေ့ လှိုင်သာယာရဲ့ နေရာအများစုမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းတွေပိတ်ပြီး နေအိမ်တွေထဲအထိ ဝင်ရောက်ရှာဖွေခဲ့တာပါ။ ညပိုင်းမှာလည်း ရပ်ကွက်အများစုကို ဧည့်စာရင်းစစ်ဆေးခဲ့ပြီး လူစုလူဝေးဖြစ်ခဲ့လို့ လုံခြုံရေးတွေက သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့တယ်လို့ လှိုင်သာယာ ၂၀ ရပ်ကွက် လူမှုကူညီရေးတခုက ပြောပါတယ်။

“တအားကြီးကို လမ်းတွေကို ပိတ်ထားတာပေါ့၊ သံဇကာတွေ ချနေတယ်ပေါ့။ မနေ့ကဆိုရင် ဧည့်စာရင်းစစ်မယ်ဆိုပြီး တောက်လျှောက်အကုန်လုံး ဝင်စစ်တယ်။ ရပ်ကွက်တိုင်းကို သူတို့အလှည့်ကျကို စစ်ဆေးရေးဝင်နေတယ်။ ၁၉ ရပ်ကွက်၊ ၂၀ ရပ်ကွက် အဲလိုစစ်ဆေးနေတယ်။”

စက်မှုဇုံနယ်မြေထဲ ကိုယ့်တဲကိုယ်ကြမ်းခင်းနေတဲ့အမျိုးသမီး (ဧပြီ ၁၄၊ ၂၀၂၁)


လှိုင်သာယာမြို့နယ်ထဲက ကျူးကျော်အိမ်ရာတွေနဲ့ စည်ပင်နယ်နမိတ်ထဲက ဆိုင်ခန်းတွေလည်း လက်နက်ကိုင်လုံခြုံရေးအင်အား အများအပြားနဲ့ နိုဝင်ဘာလ ဒုတိယပတ်ကတည်းက လိုက်လံဖျက်နေပါတယ်။ ၅ ရပ်ကွက်ဒေသခံတဦးက အခုလိုပြောပါတယ်။

“သူတို့ပြောတာကတော့ ဒီလိုလမ်းဘေးမှာ ရှုပ်တယ်ပေါ့၊ မြို့တော်သာယာလှပရေးပဲပြောတယ်၊ လမ်းဘေးကျူးတွေ စည်ပင်ပေါ်ကဟာတွေ ရှင်းတာပါပဲ။ ( လုံခြုံရေးအင်အားက) များတယ်ဗျ။ များတာကတော့ ရာနဲ့ချီတယ်။ ပါတာက ( လက်နက်) အကုန်ပါတယ်။”

မြို့တော် သန့်ရှင်းသာယာဖို့ ကျူးကျော်တွေအနေနဲ့ နိုဝင်ဘာ ၁၈ ရက်နောက်ဆုံးထား ဖျက်ပေးရမယ်လို့ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးတွေက ထုတ်ပြန်ထားပါတယ်။ ဒဂုံဆိပ်မြို့နယ်မှာလည်း ကျူးကျော်အိမ်ရာတွေဖျက်ပေးရတာ၊ ဧည့်စာရင်းစစ်ဆေးမှုတွေနဲ့ ဖမ်းဆီးမှုရှိနေတာကြောင့် ဒေသခံတွေကတော့ စိုးရိမ်မှုတွေ ရှိနေကြောင်း ဒေသခံတဦးက ပြောပါတယ်။

“စိုးရိမ်စိတ်တော့ ဖြစ်တာပေါ့နော်၊ ညဘက်ဧည့်စာရင်းတွေဘာတွေ ဝင်စစ်မယ်တို့ ဖမ်းတာဆီးတာ ဒီဒဂုံဆိပ်ကမ်းမှာ ဖြစ်တာလေးတွေ ဒီရက်ပိုင်းတွင်းမှာ ကြားနေရတော့ မြို့နယ်ပတ်ဝန်းကျင်မှာပဲ ဖြစ်တဲ့ကိစ္စလေးတွေ ရှိတဲ့အခါကျတော့ ဧည့်စာရင်းတွေတော့ တိုင်ရတာ ရုံးမှာသွားတိုင်ရတယ်။”

စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့ သာကေတ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ စတဲ့ မြို့နယ်တွေက ပရဟိတ လူမှုရေးလုပ်ငန်းတွေရဲ့လူနာတင်ယာဉ် သွားမယ့်လမ်းကြောင်းကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးဆီကို ကြိုတင်သတင်းပို့ရပြီး လမ်းမှာလည်း တနာရီနီးပါးကြာအောင် စစ်ဆေးခံရကြောင်း ရန်ကုန်က ပရဟိတလုပ်ငန်းတွေက ဗွီအိုအေကို ပြောပါတယ်။

အာဏာသိမ်းခံရပြီးနောက် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်ကိုလည်း ဒဂုံဆိပ်ကမ်းမြို့နယ်က ရတနာနှင်းဆီအိမ်ယာမှာ ဖမ်းဆီးမိတယ်လို့ စစ်ကောင်စီက ဒီနေ့ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်ကနေ နိုဝင်ဘာလ ၁၆ ရက်အထိသူတို့အဆို အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ယူထားသူ ၁၉၈ ဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီက နိုဝင်ဘာလ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ သာကေတအပါအဝင် ရန်ကုန်တိုင်းမြို့နယ်တချို့ လုံခြုံရေးတင်းကျပ်


===============

{{Unicode}}






လှိုင်သာယာမြို့နယ်၊ စက်မှုဇုံနယ်မြေက ရွှေ့ပြောင်းပေးရမယ့် ကျူးကျော်အိမ်ရာများ။ (ဖေဖေါ်ဝါရီ ၁၁၊၂၉ ၁၉ )









===============