ဇွန်လ၂၆ရက်နေ့က ကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေထဲမှာ အုပ်စု C က သြစတေးလျနဲ့ပီရူးပွဲမှာတော့ ပီရူးက ၂ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပေမဲ့ လည်း ၂သင်းလုံးက နောက်တဆင့်တက်ဖို့အမှတ်မမှီတာကြောင့် ထွက်သွားခဲ့ပါပြီ။
အုပ်စု Cကပဲ ဒိန်းမတ်နဲ့ပြင်သစ်ပွဲမှာတော့ ဂိုးမရှိသရေကစားခဲ့ကြတယ်ဆိုပေမဲ့ အရင်ပွဲတွေမှာရခဲ့တဲ့အမှတ်တွေကြောင့် နောက်တဆင့် ဖြစ်တဲ့ ၁၆သင်းရှုံးထွက်အဆင့်ကို တက်သွားကြပါပြီ။ အုပ်စု D က အိုက်စလန်နဲ့ ခရိုအေးရှားပွဲမှာတော့ ခရိုအေးရှားက ၂ဂိုး၁ဂိုးနဲ့အနိုင်ရပြီး နောက်တဆင့်ကိုတက်သွားပါပြီ။
မနေ့ကပွဲစဉ်တွေထဲမှာ ပရိတ်သတ်အများစုက စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေခဲ့ရတဲ့ပွဲကတော့ နိုက်ဂျီးရီးယားနဲ့ အာဂျင်တီးနားပွဲပါပဲ။ အာဂျင်တီးနားရဲ့ရှေ့တန်းတိုက်စစ်မှုး မက်ဆီ ပထမဂိုးကို ၁၃မိနစ်မှာသွင်းပါတယ်။ ဒုတိယပိုင်းပွဲစပြီးမကြာခင်မှာပဲ နိုက်ဂျီးရီးယားက ပင်နလ်တီရပြီး ၁ဂိုးစီသရေနဲ့ ကစားခဲ့ရာက ပွဲပြီးခါနီး၅မိနစ်အလိုမှာ အာဂျင်တီးနားက အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် ၂ဂိုး ၁ဂိုးနဲ့ အာဂျင်တီးနား ၁၆သင်းရှုံး ထွက်အဆင့်ကို တက်သွားခဲ့ပါပြီ။ တကယ်လို့ ၁ဂိုးစီသရေ ကစားခဲ့မယ်ဆိုရင် အာဂျင်တီးနားကထွက်ရမယ့်ကိန်းပါ။ အခု ဆိုရင် အုပ်စုCမှာ ပြင်သစ်က ၇မှတ်၊ ဒိန်းမတ်က ၅မှတ်၊ အုပ်စု Dမှာ ခရိုအေးရှားက ၉မှတ်၊ အာဂျင်တီးနားက ၄မှတ်ရ ထားပါတယ်။
မနက်ဖြန်ကစားကြမယ့် အုပ်စုF ပွဲစဉ်တွေကတော့ မက္ကစီကိုနဲ့ ဆွီဒင်၊ တောင်ကိုရီးယားနဲ့ ဂျာမဏီ၊ အုပ်စု H ပွဲစဉ်တွေက ဆွီဇာလန်နဲ့ ကော်စတာရီကာ၊ ဆားဗီးယားနဲ့ ဘရာဇီးလ်တို့ဖြစ်ကြပါတယ်။
Your browser doesn’t support HTML5