(Zawgyi / Unicode)
မဲခေါင်မြစ်ရဲ့ ကမ္ဘောဒီးယားနိုင်ငံ အပိုင်းမှာ ကီလိုဂရမ် ၃၀၀ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ရေချို ငါးလိပ်ကျောက် ငါးကြီးတကောင်ကို ဖမ်းမိခဲ့ပါတယ်။ ဖမ်းမိတဲ့ငါးကြီးဟာ ခေါင်းကနေ အမြီးထိ ၁၃ ပေရှည်လျားပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကဖမ်းမိခဲ့တာပါ။
သူ့ရဲ့သွားလာနေထိုင်မှုကို ထောက်လှမ်းနိုင်မယ့်ကိရိယာ တမျိုး ကိုယ်မှာတပ်ဆင်ပေးပြီး ရေထဲကိုပြန်လွှတ်ပေးခဲ့ပါတယ်။
ရေအောက်ကြမ်းပြင်မှာနေလေ့ရှိတဲ့ ရေချိုငါးလိပ်ကျောက် အမျိုးအစားကို ၂၀၀၅ ခုနှစ် တုန်းက မဲခေါင်မြစ်ရဲ့ ထိုင်းနိုင်ငံ ပိုင်နက်ထဲမှာ ဖမ်းမိခဲ့ဖူးပြီး ၂၉၃ ကီလိုဂရမ်ရှိတယ်လို့ အမေရိကန်ပြည်ထောင်စုက ကူညီထောက်ပံ့ထားတဲ့ မဲခေါင်လေ့လာရေးစီမံချက်က ပြောပါတယ်။
ကမ္ဘာအန့ှံက မြစ်ချောင်းအင်းအိုင်တွေ ရေချိုငါးကြီးတွေကိုနှစ်ပေါင်း ၂၀ ကျော် လေ့လာ မှတ်တမ်းတင်ခဲ့တဲ့ အထဲမှာ အခု ကမ္ဘောဒီးယားမှာ ဖမ်းမိတဲ့ ငါးလိပ်ကျောက်ဟာ အကြီးဆုံးဖြစ်တယ်လို့ မဲခေါင်လေ့လာရေးစီမံချက်ရဲ့ ငါးဇီဝဗေဒပညာရှင် Zeb Hogan ကပြောပါတယ်။
ဒီဒေသမှာပဲ ပြီးခဲ့တဲ့ လထဲတုန်းက အလေးချိန် ၁၈၀ ကီလိုဂရမ်ရှိတဲ့ ရှားပါး ငါးလိပ်ကျောက် တကောင်ကို ဖမ်းဆီးမိခဲ့ပြီး ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။ ရွှံ့နွံ ထူထပ်တဲ့ မဲခေါင်မြစ်အတွင်း ငါးအမျိုးအစားပေါင်း ၁,၀၀၀ ကျော်လောက်ရှိပြီး ငါးလိပ်ကျောက် သာမက အခြား ငါးကြီးအမျိုးအစားတွေလည်း ရှိပါတယ်။ မဲခေါင်မြစ်ဟာ တရုတ်ကနေ စတင်ပြီး မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားတု့ိကို ဖြတ်သန်းပြီး ဗီယက်နမ်အထိ စီးဆင်းပါတယ်။ မဲခေါင်မြစ်ဝှမ်းအတွင်း လူသန်း ၆၀ လောက်မှီခိုနေ ထိုင်ပါတယ်။
Your browser doesn’t support HTML5
(Unicode)