New Jersey ပြည်နယ် Bergen ကောလိပ်က ပါမောက္ခ ဒေါ်ဝင်းဝင်းကြည်နဲ့ မေးမြန်းချက်

Prof. Win Win Kyi - (Credit: http://www.bergen.edu)

ပညာရွှေအိုးလူမခိုးဆိုတဲ့ မြန်မာဆိုရိုးအတိုင်း မြန်မာ လူမျိုးတွေဟာ ပညာကို သိပ်တန်ဖိုးထား တတ်ကြတာ ဖြစ်ပါတယ်။ ပါမောက္ခ ဒေါ်ဝင်းဝင်းကြည်ဟာ လက်ရှိ New Jersey ပြည်နယ် Bergen ကောလိပ်မှာ ပါမောက္ခအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့ သူ့အနေနဲ့ ဆောင်ရွက်ခဲ့ပုံတွေကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်။