သြဂုတ်လ (၁၈)ရက်နေ့က ကွယ်လွန်ခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ရဲ့ ဈာပနအခမ်းအနားကို ကြာသာပတေးနေ့က သူ့ရဲ့ မွေးရပ်မြေ Ghana နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ သူသက်ရှိထင်ရှားစဉ်က ရာထူးကနေ အနားယူခဲ့ပေမယ့် နိုင်ငံတကာငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့ရာမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေးမှာလည်း ပါဝင်ကူညီခဲ့သူပါ။
သူဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ အဖွဲ့ဝင် နိုင်ငံတကာက သုံးဦးနဲက မြန်မာ ခြောက်ဦးပါဝင်ရာမှာ ရခိုင်တိုင်းရင်းသူ ဒေါ်စောခင်တင့်လည်း တဦးအပါအဝင်ဖြစ်ပါတယ်။ သူ့ရဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်တဦး အတွေ့အကြုံနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
Your browser doesn’t support HTML5