ကွယ်လွန်သူ ကိုးကန့်ခေါင်းဆောင် Olive Yang ရဲ့ ငြိမ်းချမ်းရေး နဲ့ လူမှုရေး ဖေါ်ဆောင်ခဲ့တဲ့ အခန်းကဏ္ဍ

Olive Yang

ကိုးကန့်စော်ဘွား မျိုးနွယ် အသက် ၉၀ အရွယ် Olive Yang ဟာ သူနေထိုင်ရာ မူဆယ်မြို့မှာ July လ ၁၃ ရက်နေ့ ကကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန် မှုနဲ့ပတ်သက်လို့ Washington Post သတင်းစာကြီးအပါအဝင်၊ နိုင်ငံတကာ သတင်းတွေမှာ နာရေးဆောင်းပါးတွေကို ဓါတ်ပုံနဲ့တကွ ဖေါ်ပြခဲ့ကြရာမှာ ၊ ကိုးကန့် ကာကွယ်ရေးတပ်ခေါင်းဆောင် အဖြစ် အပြင် ဘိန်းဘုရင်မ တဦး အဖြစ်လဲ ရေးသားခဲ့ကြပါတယ်။

ခုလိုရေးသားချက်တွေအပေါ်အခြေခံပြီး ၊ ထိုစဉ်ကခေတ်ရှေ့ပြေး ခဲ့တဲ့အမျိုးသမီးတဦးလို့ဆိုရမဲ့ Olive Yang ရဲ့ ဘဝအကြောင်းသိကောင်းစရာ နဲ့ ပတ်သက်လို့ ကွယ်လွန်သူရဲ့ တူ ဖြစ်သူ Washington DC နေ John ခေါ် ဇာနည်တင်ဖေ ကို ဆက်သွယ်မေးမြန်းထားတဲ့ ပထမပိုင်းကို ပြီးခဲ့တဲ့သတင်းပတ်က တင်ပြပေးခဲ့ပြီး၊ ဒုတိယနဲ့ နောက်ဆုံးအပိုင်းကို ဒီသတင်းပတ်အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

Your browser doesn’t support HTML5

ကွယ်လွန်သူ ကိုးကန့်ခေါင်းဆောင် Olive Yang ရဲ့ ငြိမ်းချမ်းရေး နဲ့ လူမှုရေး ဖေါ်ဆောင်ခဲ့တဲ့ အခန်းကဏ္ဍ

Olive Yang