အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ရဲ့ ပထမဆုံး အမျိုးသမီးညွှန်ကြားရေးမှူးအဖြစ် Gina Haspel ကိုခန့်ထားဖို့ အမေရိကန် အထက်လွှတ်တော်မှာ ကြာသပတေးနေ့က ထောက်ခံမဲ ၅၄ မဲ၊ ကန့်ကွက်မဲ ၄၅ မဲနဲ့ အတည်ပြုပေးလိုက်ပါပြီ။
CIA မှာ နှစ်ပေါင်း ၃၀ကျော် တာဝန်ထမ်းဆောင်လာတဲ့ Haspel အပေါ်ဝေဖန်မှုတွေရှိခဲ့ပေမဲ့ သူဟာအမေရိကန်ပြည်ထောင်စု ရင်ဆိုင်နေရတဲ့ လုံခြုံရေးဆိုင်ရာ အကြီးမားဆုံးအခြေအနေတွေကို ရင်ဆိုင်ကိုင်တွယ်ဖို့ အရည်အချင်းပြည့်ဝသူဖြစ်တယ်လို့လည်း တချို့အထက်လွှတ်တော်အမတ်တွေကသုံးသပ်ကြပါတယ်။
အကြောင်းစုံကို ဒီသတင်းပတ်အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း ကစုစည်းတင်ပြထားပါတယ်။
Your browser doesn’t support HTML5