မလေးရှားမှာ မေလကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟောင်း Mahathir Mohammed အနိုင်ရခဲ့ပြီး၊ ဇွန်လက သူ့အစိုးရကို ဖွဲ့ရာမှာ အမျိုးသမီးဝန်ကြီးတွေကို ခန့်အပ်ခဲ့တာ တွေ့ရပါတယ်။ ဝန်ကြီးဌာနတွေအနက် နာမည်အရှည်ဆုံး ဝန်ကြီးဌာနလို့ ဆိုရမယ့် စွမ်းအင်၊ သိပ္ပံနဲ့နည်းပညာ၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲမှု ဌာနမှာ ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရတဲ့ Yeo Bee Yin ဟာ အသက် (၃၅)နှစ်သာရှိပြီး ဝန်ကြီးအဖွဲ့မှာ အသက်အငယ်ဆုံး အမျိုးသမီးဝန်ကြီးလည်း ဖြစ်ပါတယ်။
ဝန်ကြီးဖြစ်လာပြီးတဲ့နောက် မလေးရှားနိုင်ငံမှာ စွမ်းအင်အသုံးပြုမှု ဖူလုံရေးအတွက် သူ့ဌာနရဲ့ မျှော်မှန်းချက်နဲ့ ပတ်သက်ပြီး အတုယူစရာကောင်းတယ်လို့ဆိုရမဲ့သူ့ရဲ့ ပြောကြားချက်တွေအကြောင်းကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီး ကဏ္ဍမှာ ဒေါ်လှလှသန်းက စုစည်း တင်ပြထားပါတယ်။
Your browser doesn’t support HTML5