Eisenhower ပညာတော်သင်ဆုနဲ့ အမေရိကန်ရောက် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မခင်လေး

မခင်လေး, Triangle Women အဖွဲ့ကို တည်ထောင်သူ

မခင်လေးဟာ မြန်မာနိုင်ငံမှာ အမျိုးသမီးများအခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးနေတဲ့ Triangle Women အဖွဲ့ကို တည်ထောင်သူလည်းဖြစ်၊ အမှုဆောင်ညွှန်ကြားရေးမှူးလည်း ဖြစ်ပါတယ်။ သူဟာ အမေရိကန်ရဲ့ ၃၄ ဦးမြောက် သမ္မတဖြစ်တဲ့ Dwight Eisenhower Foundation ကပေးတဲ့ နိုင်ငံတကာ ခေါင်းဆောင်မှု ပညာတော်သင်ဆုနဲ့ လက်ရှိမှာ အမေရိကန်ပြည်ထောင်စုကို ရောက်နေပါတယ်။

သူ့ရဲ့ Triangle Women အဖွဲ့အကြောင်းအပြင် လက်ရှိ ပညာတော်သင်ဆုနဲ့ပတ်သက်လို့ သူ့ရဲ့ မျှော်မှန်းချက်တွေအကြောင်း မခင်လေးနဲ့ ဆက်သွယ်မေးမြန်းထားတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

Your browser doesn’t support HTML5

Eisenhower ပညာတော်သင်ဆုနဲ့ အမေရိကန်ရောက် Triangle Women Group တည်ထောင်သူ မခင်လေး