မြန်မာနိုင်ငံကနေ မလေးရှား ဒုက္ခသည်စခန်း ကတဆင့် အမေရိကန်ပြည်ထောင်စု Kansas ပြည်နယ် Kansas City ကို ပြီးခဲ့တဲ့နှစ်က ရောက်ရှိလာတဲ့ ချင်းဒုက္ခသည်အသက်(၁၇)နှစ်အရွယ် Om Kee Hata ဟာ ပြီးခဲ့တဲ့ သောကြာနေ့က မတော်တဆ ရေနစ်သေဆုံးခဲ့ပါတယ်။
မိခင်နဲ့အတူ ရောက်ရှိလာတဲ့ သားသမီး ငါးဦးအနက် သားအကြီးဆုံးဖြစ်တဲ့ Om Kee Hata ဟာအားကစားထူးချွန်ပြီး မိသားစုအတွက်လည်း တဖက်တလမ်း ကနေ ရှာဖွေကူညီပေးနေသူဖြစ်ပါတယ်။ သားဖြစ်သူမမျှော်လင့်ဘဲ သေဆုံးခဲ့ရတဲ့၊ အသက်(၃၈)နှစ်အရွယ် အိမ်ထောင်ဦးစီးမိခင်ဖြစ်သူ LingLen Hata အနေနဲ့ သူတို့မိသားစုအတွက် ဘယ်လိုရုန်းကန်ပြီးဘဝကို ဖြတ်သန်းခဲ့ရပါသလဲဆိုတာ ဒီသီတင်းပတ်ရဲ့အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက စုစည်း တင်ပြထားပါတယ်။
Your browser doesn’t support HTML5