ကူဝိတ်မှာ အလုပ်ရှင်ရဲ့ အသတ်ခံခဲ့ဲ့ရတဲ့ ဖိလစ်ပိုင် အိမ်အကူအမျိုးသမီးတဦး ရဲ့အလောင်း ကို တနှစ်အကြာမှ တွေ့ရှိခဲ့တဲ့ဖြစ်ရပ်ဟာ သမ္မတ Rodrigo Duterte ကိုဒေါသထွက်စေခဲ့ပါတယ်။ ဒါ့ကြောင့် ကူဝိတ်မှာ နောက်ထပ်အသစ် ဖိလစ်ပိုင်အလုပ်သမားတွေ သွားရောက်လုပ်ကိုင်ခွင့်ကိုလဲ သမ္မတက ပိတ်ပင်လိုက်ပါတယ်။
အဲဒီမှာအလုပ်လုပ်ကိုင်နေကြတဲ့ ဖိလိပိုင် အလုပ်သမား ၅ သိန်းအနက် ထက်ဝက်ကျော်ဟာ အိမ်အကူတွေအဖြစ်လုပ်ကိုင်နေကြတာဖြစ်ပြီး သူတို့တတွေရဲ့ အခွင့်အရေးတွေကိုအကာအကွယ်ပေးဖို့ သမ္မတ Duterte က ဘယ်လိုကြိုးပမ်းခဲ့သလဲ ဆိုတာကို ဒီသတင်းပတ်အမျျိးသမီး ကဏ္ဍမှာ ဒေါ်လှလှသန်းကစုစည်း တင်ပြထားပါတယ်။
Your browser doesn’t support HTML5