မြန်မာနွယ်ဖွား အမေရိကန်အမျိုးသမီးတဦး ဟာ အမေရိကန် အရံကာကွယ်ရေးတပ် မှာ ဒုတိယဗိုလ်မှူးကြီး အဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ် ( Lt. Col Prof. Dr.Mie Mie Winn Byrd) ဟာ အမေရိကန်ကာကွယ်ရေး ဌာန လက်အောက်ရှိ Hawaii အခြေစိုက် Asia-Pacific Center for Security Studies (APCSS) လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှပစိဖိတ်ဌာန မှာ တာဝန် ထမ်းဆောင်နေ တာဖြစ်ပြီး ၊ မြန်မာနိုင်ငံရဲ့ အရပ်ဖက်နဲ့ စစ်ဖက်ဆက်ဆံရေး ကောင်းမွန်စေဖို့ ကူညီဆောင်ရွက်ပေးခဲ့ သူလဲဖြစ်ပါတယ်။
သူ့အနေနဲ့ မြန်မာနိုင်ငံကို မကြာခဏရောက်ခဲ့စဉ်က မြန်မာအမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုအရည်အသွေးကို အကဲခတ်ခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုမှာ အမျိုးသမီးတွေပါဝင်ခွင့်ရှိသင့်ကြောင်း သူကပြောပါတယ်။
ဒုတိယဗိုလ်မှူးကြီး မီမီဝင်းဘတ် နဲ့ တွေ့ဆုံမေးမြန်းပြီး ဒီသတင်းပါတ် အမျိုးသမီးများ ကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
Your browser doesn’t support HTML5