CEDAW ခေါ် နိုင်ငံတကာ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကော်မတီက သြဂုတ်လကစပြီး ရခိုင်မြောက်ပိုင်းမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်ေွ အကြမ်းဖက်ခံရမှုအခြေအနေကို စုံစမ်းဖော်ထုတ်ပြီး ၆ လအတွင်း အထူးအစီရင်ခံစာတင်သွင်းဖို့ မြန်မာအစိုးရကို တနင်္လာနေ့က မေတ္တာ ရပ်ခံခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ အမျိုးသမီးများအခွင့်အရေးဆိုင်ရာ CEDAW သဘောတူစာချုပ် လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံဟာ ဒီအထူးအစီရင်ခံစာကို ၂၀၁၈ ၊ မေလ ၂၈ ရက်နောက်ဆုံးထားပြီး တင်ရပါလိမ့်မယ်။ CEDAW သဘောတူညီချက်အကြောင်း မြန်မာအမျိုးသမီးတွေ သိသင့်တဲ့ အချက်တွေကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
Your browser doesn’t support HTML5