ဒေါက်တာစင်သီယာမောင်နဲ့ ထိုင်း-မြန်မာနယ်စပ်က နိုင်ငံမဲ့ကလေးများအရေး

2018 Roux ဆုရှင် ဒေါက်တာစင်သီယာမောင် (ဓါတ်ပုံ- Institute for Health Metrics and Evaluation )

ထိုင်း-မြန်မာနယ်စပ်မှာ နိုင်ငံမဲ့တွေအဖြစ်ကြီးပြင်းလာတဲ့ မြန်မာရွှေ့ပြောင်းကလေးဦးရေ ထောင်နဲ့ချီ အများအပြားရှိနေပြီး သူတို့အတွက် ကလေးမွေးဖွားစာရင်း တရားဝင်ဖြစ်ရေးနဲ့ အရွယ်ရောက်တဲ့ ကလေးတွေကို နိုင်ငံသားမှတ်ပုံတင် ကဒ်ပြားထုတ်ပေးရေး မြန်မာအစိုးရဘက်က စနစ်တကျ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း နယ်စပ်တလျောက် လူထုကျန်းမာရေး ဦးဆောင်မြှင့်တင်ဆောင်ရွက်နေတဲ့ ဒေါက်တာစင်သီယာမောင်က အလေးပေး ပြောကြားလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မယ်တော်ဆေးခန်း တည်ထောင်ဖွင့်လှစ်ပြီး ဆယ်စုနှစ်နဲ့ချီ လူထုကျန်းမာရေး မြှင့်တင် ဆောင်ရွက်နေတဲ့ ဒေါက်တာစင်သီယာမောင်ကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ Seattle မြို့မှာရှိတဲ့ Washington တက္ကသိုလ်ကနေ ၂၀၁၈ ခုနှစ်အတွက် ဆုကြေးငွေ ဒေါ်လာ တသိန်းပါဝင်တဲ့ Roux ဆု ကို စက်တင်ဘာလ ၂၇ ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော်မှာ အခမ်းအနားနဲ့ ချီးမြှင့်ခဲ့ပါတယ်။

ဒေါက်တာစင်သီယာမောင်ရဲ့ လူထုကျန်းမာရေးဆိုင်ရာလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဒီသတင်းပတ် အမျိုးသမီးကဏ္ဍအတွက် မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းတင်ဆက်ထားပါတယ်။

Your browser doesn’t support HTML5

ဒေါက်တာစင်သီယာမောင်နဲ့ ထိုင်း-မြန်မာနယ်စပ်က နိုင်ငံမဲ့ကလေးများအရေး