မြန်မာနွယ်ဖွား၊ အမေရိကန်နိုင်ငံသူ ဒုတိယဗိုလ်မှူးကြီး ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ် ဟာ အမေရိကန်ကာကွယ်ရေးဌာနလက်အောက် ဟာဝိုင်အီအခြေစိုက် Asia Pacific Center for Security Studies (APCSS) လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ ပစိဖိတ် ဌာနမှာ ၂၈ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အခု စစ်တပ်ကနေ အနားယူလိုက်ပါပြီ။ သူ့ရဲ့ စစ်မှုထမ်းသက်တလျှောက် အမျိုးသမီးလည်းဖြစ်၊ အာရှနွယ်ဖွား လည်း ဖြစ်တဲ့အပြင် အသက်ငယ်ငယ်နဲ့ အမေရိကန်တပ်ထဲ ခေါင်းဆောင်တယောက်အဖြစ်ရပ်တည်နိုင်အောင် ဘယ်လို ကြိုးပမ်းခဲ့သလဲဆိုတာတွေကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
Your browser doesn’t support HTML5