ဇူလိုင်လ ၁၉ ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ ၇၂ နှစ်မြောက်နေ့ ဖြစ်ပါတယ်။
အဲဒီတုန်းက ကြေကွဲဖွယ်ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ကြရတဲ့ မြန်မာအမျိုးသမီးကြီးတွေ ဘယ်လို ခံစားခဲ့ကြရပါသလဲ၊ အာဇာနည် အထိမ်းအမှတ်နေ့မှာ ကျဆုံးခဲ့ကြသူ ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုရာမှာ နိုင်ငံသားတွေအနေနဲ့ ဘယ်လို စိတ်ဓာတ်မျိုး ထားရှိသင့်ပါသလဲ။ နိုင်ငံထူထောင်ရေးမှာ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတဲ့အကြောင်း ဗိုလ်ချုပ်ရဲ့သမီးဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်နေ့ အခမ်းအနားတခုမှ ပြောကြားခဲ့တာနဲ့အတူ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက စုစည်းတင်ပြပေးထားပါတယ်။
Your browser doesn’t support HTML5