ကိုဗစ်ကပ်ရောဂါ ကျော်လွှားရေး အလှမ်းဝေးသေး (WHO အကြီးအကဲ)

Direktur Jenderal WHO Tedros Adhanom Ghebreyesus menghadiri konferensi pers di tengah wabah COVID-19 di markas WHO di Jenewa Swiss, 3 Juli 2020. (Foto: Fabrice Coffrini via REUTERS)

ကိုဗစ် ၁၉ ကပ်ရောဂါကျော်လွှားနိုင်ဖို့ အချိန်က အဝေးကြီးလိုသေးတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။

ဒီကပ်ရောဂါနဲ့ ပတ်သက်ပြီး တွေ့ကြုံရင်ဆိုင်နေရတဲ့ အခြေနေကိုကြည့်ရင် နိုင်ငံတိုင်းက သူ့ကိုမပြတ်စောင့်ကြည့်ဖို့ လိုအပ်နေတာ တွေ့ရကြောင်းနဲ့ ကိုယ့်လုပ်ဆောင်မှု အတိုင်းတာကလေးနဲ့ ကိုယ်ကြေနပ်နေတာမျိုး ကလည်း ဗိုင်းရပ်စ်ပိုး တမျိုးလို အန္တရာယ်ကြီးတဲ့အတွက် ဆက်ပြီး နိုးနိုးကြားကြားရှိကြဖို့ နိပေါမှာ ပြုလုပ်တဲ့ WHO ရဲ့အရှေ့တောင်အာရှ ဒေသတွင်းအစည်းဝေးကို ရောမမြို့ကနေ တက်ရောက်ချိန်မှာ ပြောကြားခဲ့တာပါ။
ဒီကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ပိုမိုကောင်းမွန်တဲ့ တုန့်ပြန်မှု ဘယ်လိုလုပ်သင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး အကြံပြုချက်အများအပြား ရရှိထားပေမယ့် အထိရောက်ဆုံးနဲ့ အနာဂတ်မှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာစေနိုင်တာက နိုင်ငံအားလုံး တန်းတူညီမျှရှိအောင် လုပ်ပေးဖို့ဖြစ်ကြောင်းလည်း WHO အကြီးအကဲက ပြောပါတယ်။ ဒီလိုလုပ်နိုင်ဖို့ နောင်ကြုံတွေ့ရမယ့် ကပ်ရောဂါတွေအတွက် ပြင်ဆင်မှုနဲ့ တုန့်ပြန်မှုဆိုင်ရာ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်နိုင်မယ့် စည်းမျဉ်းစည်းကမ်းတွေ ချထားတဲ့ နိုင်ငံတကာသဘောတူညီချက်ရဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ လက်ရှိမှာ ကာကွယ်ဆေး ဖြန့်ဖြူးမှုနဲ့ ပတ်သက်ပြီး အတော့်ကို မညီမမျှ ဖြစ်နေတာတွေ့ရကြောင်းနဲ့ ဒီလို မမျှတမှုအတွက် အားလုံးက စိတ်ပျက်ရကြောင်းလည်း ပြောပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေ ၁ % ဒါမှမဟုတ် ၂ % လောက်သာ ကာကွယ်ဆေးထိုးထား နိုင်တဲ့ နိုင်ငံတွေကို ဦးစားပေးပြီး ကာကွယ်ဆေးဖြန့်ဖြူး ပေးဖို့ Tedros က မကြာသေးခင်ကပဲ ကမ္ဘာ့နိုင်ငံတွေကို ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

-------------------------------------------------------------------------------------



