နိုဝင်ဘာ သုံးရက်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအပေါ် လူထုရဲ့ အာရုံစိုက်မှုဟာ သက်ဆိုင်ရာ ဒေသက နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုနဲ့ လူထုရဲ့ အခြေအနေပေါ် မူတည်ပြီး ကွဲပြားပေမဲ့ ပြည်သူအများစုရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုကတော့ လျော့မသွားဘူးလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ ပြည်သူ့ပါတီ ဒုတိတယ ခေါင်းဆောင် ဦးရဲနိုင်အောင်တို့က သုံးသပ်ပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ မြင်းခြံမြို့နယ်က ကိုယ်စားလှယ်တဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်သူ့ပါတီကတော့ မကွေးတိုင်းဒေသကြီး မင်းဘူး မြို့နယ်က တသီးပုဂ္ဂလကိုယ်စားလှယ်တဦးကို ဝန်းရံကူညီ ပေးမှာဖြစ်ပါတယ်။ ဦးအောင်မိုးဇော်နဲ့ ဦးရဲနိုင်အောင်ကို ဦးသိန်းထိုက်ဦး ရန်ကုန် VOA မြန်မာပိုင်းဌာနရုံးခွဲမှာ တွေ့ဆုံမေးမြန်းထားပါတယ်။
Your browser doesn’t support HTML5
ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ ပြည်သူ့ပါတီ ဒုတိတယ ခေါင်းဆောင် ဦးရဲနိုင်အောင်တို့နဲ့ တွေ့ဆုံမေးမြန်းခန်း အပြည့်အစုံကို အပတ်စဉ် စနေနေ့ TV မဂ္ဂဇင်းအစီအစဉ်မှာ ကြည့်ရှု့နိုင်ပါတယ်။
Your browser doesn’t support HTML5