ဗီယက်နာမ်မှာ Zika ကူးစက်ခံရသူ ၂ဦး တွေ့ရှိ

ခြင်ကနေတဆင့် ကူးစက်တဲ့ ဇီကာ-ဗိုင်းရပ်စ်ပိုး

ဗီယက်နမ်နိုင်ငံမှာ ခြင်ကနေတဆင့် ကူးစက်တဲ့ ဇီကာ-ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ လူနာ ၂ ဦးရှိနေပြီလို့ ဗီယက်နမ်အစိုးရ ကြေညာလိုက်ပါတယ်။

တဦးကတော့ Nha Trang ပင်လယ်ကမ်းခြေက အသက် ၆၄ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး၊ နောက်တဦးကတော့ ဟိုချီမင်းမြို့က အသက် ၃၃နှစ်အရွယ် အမျိုးသမီး တဦးဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မှာ ပြောပါတယ်။ နှစ်ဦးစလုံး မျက်လုံးဖူးယောင်၊ ယားယံတာတွေနဲ့ အဖျားတက်ပြီးတော့ မတ်လကုန်ပိုင်း ဆေးရုံတင်လာချိန်တုန်းက စမ်းသပ်မှုအရ ဇီကာ-ဗိုင်းရပ်စ်ပိုး လက္ခဏာတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အသက်၃၃ အရွယ် အမျိုးသမီးဟာ ကိုယ်ဝန်သည်ဖြစ်တယ်လို့ အစိုးရသတင်းဌာက ပြောပါတယ်။ အမျိုးသမီးနှစ်ဦးစလုံး ခုတော့ သက်သာလာပြီဖြစ်ပါတယ်။

ဇီကာ-ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာ သိသိသာသာ ပြလေ့မရှိပေမယ့် ဇီကာ-ပိုးစွဲကပ်ထားတဲ့ ကိုယ်ဝန်ဆောင်တွေ ကလေးမွေးလာတဲ့အခါ ဦးနောက်သေးတဲ့ရောဂါနဲ့ ကလေးမျိုး မွေးလာတတ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ ဘရာဇီးနိုင်ငံမှာ ဇီကာ-ဗိုင်းရပ်စ်ပိုး အများဆုံး ဖြစ်ပွားခဲ့ပြီး လူနာ ၄ ထောင်ကျော်ရှိခဲ့ပါတယ်။ ဇီကာ-ဗိုင်းရပ်စ်ပိုးကို အရေးပေါ် အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အဖွဲ့က ကြေညာထားပါတယ်။