ဗီယက်နမ်ကုန်စည်ပြပွဲ ရန်ကုန်မှာ ကျင်းပမည်

၂၀၁၈ ဗီယက်နမ်ကုန်စည်ပြပွဲ (photo- http://cadivi-vn.com)

မြန်မာနိုင်ငံမှာ လာမယ့် ဒီဇင်ဘာ ၁၉ ကနေ ၂၂ ရက်နေ့အထိ ဗီယက်နမ် ကုန်စည်ပြပွဲကြီး ကျင်းပဖို့ရှိပါတယ်။ ဒီကုန်စည်ပြပွဲကြီး ကို ဗီယက် နမ် ကုန်သွယ်မြှင့်တင်ရေး အေဂျင်စီ VIETTRADE က ၂၀၀၉ ခုနှစ်ကတည်းက စပြီး မြန်မာနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ပြသသွားမှာ ဖြစ်ပါတယ်။

ဗီယက်နမ်က စီးပွားရေးလုပ်ငန်းတွေ လာရောက်ပြသမယ့် င်္ဒီပွဲမှာ အသင့်စား အစားအသောက်တွေ၊ လူသုံးကုန်ပစ္စည်း၊ ပစ္စည်းကရိယာတွေ၊ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးနဲ့ ဆေးပစ္စည်း စတာတွေကို ထည့်သွင်းပြသသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဗီယက်နမ် စီးပွားရေး ဈေးကွက်ကို ချဲ့ထွင်ဖို့၊ ဗီယက်နမ် ပြည်တွင်းဖြစ် ပစ္စည်းတွေ ပြည်ပကို တင်ပို့နိုင်ဖို့နဲ့ မြန်မာနဲ့ စီးပွါးရေး ကွန်ယက် တည်ဆောက်နိုင်ဖို့ ရည်ရွယ်ပြီး ဒီကုန်စည်ပြပွဲကြီး ကျင်းပရတာလို့ ဗီယက် နမ် ကုန်သွယ်မြှင့်တင်ရေး အေဂျင်စီ VIETTRADE က ပြောပါတယ်။

မြန်မာနဲ့ ဗီယက်နမ်ကြား ၂၀၁၈ ခုနှစ်အတွင်း ကုန်သွယ်မှု အမေရိကန် ဒေါ်လာ သန်းပေါင်း ၈၆၀ တန်ဖိုးထိ မြင့်တက်ခဲ့တဲ့အတွက် ဗီယက်နမ်ဟာ မြန်မာရဲ့ ကုန်သွယ်ဘက် အဆင့် ၉ မှာ ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံစာရင်းမှာတော့ ဗီယက်နမ်က စုစုပေါင်း ဒေါ်လာ ၂.၂ သန်း နီးပါးတန်ဖိုး ရှိတဲ့ စီမံကိန်းလုပ်ငန်းပေါင်း ၁၈ ခုနဲ့ အဆင့် ၇ မှာရှိနေတယ်လို့ သိရပါတယ်။

Your browser doesn’t support HTML5

ဗီယက်နမ်ကုန်စည်ပြပွဲ ရန်ကုန်မှာ ကျင်းပမည်