အမေရိကန် အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလား ဘော်လုံးပွဲမှာ ချန်ပီယံ သုံးကြိမ်ဆွတ်ခူးခဲ့သလို၊ အိုလံပစ်ပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ကို သုံးကြိမ်ဆွတ်ခူးခဲ့တဲ့ အသင်းဖြစ်ပါတယ်။
ဒါပေမဲ့ ဘာဆုမှမရတဲ့ အမေရိကန် အမျိုးသားလက်ရွေးစင် ဘောလုံးအသင်း ကစားသမားတွေရတဲ့ ဆုကြေး၊ လစာနဲ့ ခံစားခွင့်မျိုးမရကြပဲ ကျား-မ ခွဲခြားဆက်ဆံခံနေရတဲ့အတွက် အမျိုးသမီးဘောလုံး အသင်းသား ၂၈ ဦးက အမေရိကန် ဘောလုံး ဖက်ဒရေးရှင်း အဖွဲ့ချုပ်ကို ပြီးခဲ့တဲ့ သတင်းပတ်က တရားစွဲဆိုလိုက်ပါတယ်။
ခုလို တရားစွဲတဲ့နေ့ဟာ မတ်လ(၈)ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့နဲ့ တိုက်ဆိုင်သလို၊ လာမဲ့ ဇွန်လ ပြင်သစ်နိုင်ငံမှာ အမျိုးသမီး ကမ္ဘာ့ဖလားပွဲကျင်းပဖို့ သုံးလအလိုမှာလဲဖြစ်ပါတယ်။ စွဲချက်တင်ရာမှာဘယ်လို ကျား-မ ခွဲခြားဆက်ဆံခံရမှု အခြေခံ အကြောင်းအရင်းတွေ ထောက်ပြထားပါသလဲဆိုတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားဖြစ်ပါတယ်။
Your browser doesn’t support HTML5