ကမ္ဘာ့ဖလားဘော်လုံးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အမေရိကန်အမျိုးသမီး လက်ရွေးစင် ဘော်လုံးသမား အများအပြားဟာ အမျိုးသား အမေရိကန် ဘော်လုံးသမားတွေနဲ့ ယှဉ်ရင် နည်းပါးတဲ့ အခကြေးငွေရပြီး ခွဲခြားဆက်ဆံခံနေရတာပါ။ အခုလို ခွဲခြားဆက်ဆံခံရမှုကြောင့် အမေရိကန်အမျိုးသမီး လက်ရွေးစင် ဘော်လုံးသမား ၅ ဦးက လစာတန်းတူရရှိရေးအတွက် အမေရိကန်ဘော်လုံးအဖွဲ့ချုပ်ကို တရားစွဲဆိုထားပါတယ်။ ဒီအကြောင်းကိုတော့ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက စုစည်း တင်ပြထားပါတယ်။