အမေရိကန်ဗီဇာလျှောက်သူတွေ ဆိုရှယ်မီဒီယာအသုံးပြုမှု ဖော်ပြရတော့မည်

အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူ အားလုံးနီးပါးဟာ ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာ၊ အီးမေးလ်နဲ့ တယ်လီဖုန်းနံပါတ်တွေကို အခုအခါမှာ ထည့်သွင်းဖော်ပြ လျှောက်ထားရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒီသတ်မှတ်ချက်အသစ်ဟာ အမေရိကန်မှာ အမြဲနေထိုင်ခွင့်ဗီဇာ လျောက်သူတွေရော၊ အလည်အပတ်ဗီဇာလျောက်သူတွေအတွက်ပါ အကျုံးဝင်မှာဖြစ်ပါတယ်။ ဗီဇာ လျောက်သူတွေဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဆိုရှယ်မီဒီယာမှာ ကိုယ်အသုံးပြုခဲတဲ့ အကောင့်နာမည်တွေ၊ အီးမေးလ်လိပ်စာတွေနဲ့ ဖုန်းနံပါတ်တွေကို ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်ဟာ သံအမှုထမ်းတွေနဲ့ အစိုးရဝန်ထမ်းတွေကလွဲပြီး တခြား ဗီဇာလျောက်သူ နိုင်ငံခြားသား ၁၅ သန်းလောက်အပေါ် အကျိုးသက်ရောက်လိမ့်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်ဗီဇာ လျှောက်ထားသူတွေရဲ့ မိသားစုဝင်တွေထဲ အကြမ်းဖက်ဝါဒစွဲလုပ်ရပ်တွေနဲ့ ပတ်သက်ခဲ့ဖူးသူရှိမရှိ ဆိုတာကိုလည်း မေးမြန်းမှာ ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်အသစ်တွေကို ၂၀၁၈ ခုနှစ်၊ မတ်လကတည်းက အဆိုပြုထားခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

အမေရိကန်ဗီဇာလျှောက်သူတွေ ဆိုရှယ်မီဒီယာအသုံးပြုမှု ဖော်ပြရတော့မည်