အရှေ့တောင်အာရှ နိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယားကို နျူးကလီးယား အပြည့်အဝဖျက်သိမ်းတဲ့အထိ အစွမ်းကုန်ဖိအားပေးကြဖို့ အမေရိကန်ပြည်ထောင်စုက ဆော်သြော်နေပါတယ်။ နိုဝင်ဘာလ (၁၁)ရက်ကျရင် စင်္ကာပူမှာ စတင်မယ့် အာဆီယံ နှစ်ပတ်လည် ထိပ်သီးစည်းဝေးပွဲ မတိုင်ခင် အာဆီယံ (၁၀)နိုင်ငံအနေနဲ့ မြောက်ကိုရီးယားအတွက် အခွန်သက်သာခွင့် ဆက်လက်ငြင်းဆန်ကြဖို့၊ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ဒဏ်ခတ်မှုတွေကို မရုပ်သိမ်းကြဖို့ အမေရိကန်က တိုက်တွန်းနေတာပါ။
မြောက်ကိုရီးယားနဲ့ တရားမဝင် ကူးသန်းရောင်းဝယ်မှုလုပ်တဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တေါကို အမေရိကန်က ဆက်လက် ဒဏ်ခတ်အပြစ်ပေးသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ မြောက်ကိုရီးယားအရာရှိကြီး Kim Yong Chol တို့ နယူးရောက်မှာ တွေ့ဆုံမယ့်ကိစ္စကို အကြောင်းမပြပဲ ရွှေ့ဆိုင်းလိုက်ပြီးတဲ့နောက် အမေရိကန်ဘက်က ဒီလို ပြောဆိုလာတာဖြစ်ပါတယ်။
အာဆီယံနိုင်ငံအများစုဟာ မြောက်ကိုရီးယားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးဆက်လက်ထားရှိပြီး မြောက်ကိုရီးယားနဲ့ စီးပွားရေး ဆက်နွယ်မှုကို လုံးဝဖြတ်တောက်စရာအကြောင်းမမြင်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။
Your browser doesn’t support HTML5