အမေရိကန်လုပ် လက်နက်တွေ ယူကရိန်းကို ရောင်းချခွင့်ပြု

ယူကရိန်းကို ရောက်လာတဲ့ အမေရိကန်စစ်တပ်။

အမေရိကန်က ထုတ်လုပ်တဲ့ ခံစစ်သုံးလက်နက်တွေကို ယူကရိန်းနိုင်ငံကို ရောင်းချဖို့အတွက် အမေရိကန်ပြည်ထောင်စုက အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အကြောင်းကြားစာကို ကွန်ဂရက်လွှတ်တော်က ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ အကြောင်းကြားခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ Heather Nauert က အခုသတင်းပတ်အတွင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

အမေရိကန် ထုတ်လုပ်သူတွေ အနေနဲ့ ယူကရိန်းနိုင်ငံကို လက်နက်ရောင်းချရေး ဥပဒေဘောင်ဟာ သမ္မတအိုဘားမား အစိုးရလက်ထက်ကတည်းက တည်ရှိနေခဲ့တာဖြစ်တယ်လို့ Nauert ကပြောပါတယ်။

အစိုးရအနေနဲ့ ယူကရိန်းနိုင်ငံကို လက်နက်ထောက်ပံ့တာမျိုးမဟုတ်ကြောင်း Nauert က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ အမေရိကန် လက်နက်ထုတ်လုပ်သူတွေအနေနဲ့ ရောင်းချခွင့်ကိုတော့ ခွင့်ပြုထားတာဖြစ်တယ်လို့ ပြောပါတယ်။

ထုတ်ကုန်ခွင့်ပြုချက်လိုင်စဉ်အရ အော်တိုမက်တစ် သေနတ်တွေနဲ့ ၂ မျိုးစလုံး အသုံးပြုနိုင်တဲ့ အော်တိုမက်တစ်သေနတ်တွေကို တင်ပို့ဖို့ အကြုံးဝင်တယ်လို့Reuters သတင်းမှာ ဖေါ်ပြထားပါတယ်။နောက်ပြီး စစ်သုံးပြောင်းတိုသေနတ်တွေ၊ အသံတိတ်ကရိယာ၊ စစ်သုံးမှန်ဘီလူးနဲ့ အပိုပစ္စည်းတွေပါဝင်ပါတယ်။ ရောင်းချခွင့်ပြုလိုက်တဲ့ စစ်အသုံးဆောင်ပစ္စည်းတွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄၁.၅ သန်းဖိုးဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

Your browser doesn’t support HTML5

အမေရိကန်လုပ် လက်နက်တွေ ယူကရိန်းကို ရောင်းချခွင့်ပြု