ဘဏ္ဍာငွေကြေး အကျပ်အတည်း ကြုံနေရတဲ့ အမေရိကန်က First Republic ဘဏ် ပြိုလဲ မသွားရအောင် တခြား အမေရိကန် ဘဏ် ၁၁ ခုက ဒေါ်လာ ၃၀ ဘီလျံ စုပေါင်း ကျားကန်ပေးခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဘဏ်ကြီး ၂ ခု ပြိုလဲခဲ့ရပြီးတဲ့နောက် နောက်ထပ် ဘဏ်တွေ ပြိုလဲ မသွားအောင် ကြိုးပမ်းတဲ့အနေနဲ့ ပုဂ္ဂလိကဘဏ်တွေက ဝိုင်းဝန်း ကူညီခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပါတ်တုန်းကတော့ Silicon Valley ဘဏ်ကြီး ပြိုလဲလုဖြစ်နေတာကို အမေရိကန်ဗဟိုဘဏ်က ဝင်ထိန်းပေးခဲ့ရပါတယ်။ အခု First Republic ဘဏ်ကိုတော့ အမေရိကန်က ဘဏ်ကြီးတွေဖြစ်တဲ့ JPMorgan,Citigroup,Bank of America,Wells Fargo,Goldman Sachs နဲ့ Morgan Stanley ဘဏ်ကြီးတွေ ဝင်ထိန်းပေးခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုမှာ ၁၆ ခုမြောက် အကြီးဆုံး Silicon Valley ဘဏ်ကြီးပြဿနာပေါ်ခဲ့စဉ်က ကမ္ဘာတဝန်း အစုရှယ်ယာ ဈေးကွက်တွေမှာပါ ရိုက်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ အမေရိကန်အစိုးရကတော့ အမေရိကန် ဘဏ်လုပ်ငန်းစနစ်ခိုင်မာမှုအပေါ် အပြည့်အဝ ယုံကြည်တယ်လို့ ပြောကြားထားပါတယ်။
ငွေကြေးအကြပ်အတည်ဖြစ်နေတဲ့ ဆွစ်ဇာလန်နိုင်ငံက Credit Suisse ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီးကလည်း ဆွစ်ဇာလန်ဗဟိုဘဏ်ကနေ ဒေါ်လာ ၅၄ ဘီလျံံအထိ ငွေချေးမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကြေညာခဲ့ပါတယ်။ ခုလို ရင်းနှီးမြှပ်နှံမှုဘဏ်တွေ ဘဏ္ဍာရေးပြဿနာပေါ်နေတဲ့အပေါ် စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။
Your browser doesn’t support HTML5