အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ ရွေးကောက်မှုပုံစံ

အမေရိကန်သမ္မတရွေးချယ်မှုစံနစ်ဟာ ပြည်သူတွေထည့်တဲ့ မဲအနိုင်အရှုံးပေါ်မှာ မတည်ဘဲ သမ္မတရွေးကောက်ပွဲကိုယ်စားပြု မဲစံနစ်အပေါ်မှာတည်ကြောင်း တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲကျင်းပဖို့ တပတ်သာ လိုတော့တဲ့အချိန်မှာ အမေရိကန်သဘာဝဘေးအန္တရာယ်သမိုင်းမှာ အဆိုးဆုံးစာရင်းဝင်တဲ့ ဟာရီကိန်းစန္ဒီ မုန်တိုင်းကြောင့် သမ္မတလောင်းနှစ်ဦးအနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးတွေကို ဖျက်လိုက်ရပါတယ်။ အမေရိကန်သမ္မတရွေးချယ်မှုစံနစ်ဟာ ပြည်သူတွေထည့်တဲ့ မဲအနိုင်အရှုံးပေါ်မှာ မတည်ဘဲ သမ္မတရွေးကောက်ပွဲကိုယ်စားပြု မဲစံနစ်အပေါ်မှာတည်မှီနေကြောင်း ဒီတပတ်ရဲ့ အမေရိကန် နိုင်ငံရေးမှာ ဦးသန်းလွင်ထွန်းက မခင်ဖြူထွေးနဲ့အတူ သုံးသပ် တင်ပြပေးထားပါတယ်။