အမေရိကန်ကို လူမှောင်ခိုသွင်းမှု ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတဦး အရေးယူခံရ

Moktar Hossain (credit -Archivo SSP Monterrey)

မက္ကဆီကို နိုင်ငံကနေ အမေရိကန် ပြည်ထောင်စု အတွင်းကို နိုင်ငံခြားသားတွေ လူမှောင်ခို တင်သွင်းမှုမှာ ကူညီခဲ့မှု စွဲချက်တွေ အတိုင်း သူ့မှာ အပြစ်ရှိကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံသားက ပြည်ထောင်စု တရာသူကြီး ရှေ့မှောက်မှာ အင်္ဂါနေ့က ထွက်ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တို့ အတွင်းမှာ သူက ကနေဒါ နိုင်ငံ Monterrey မှာ နေထိုင်ခဲ့ပြီး တခြား ဘင်္ဂလားဒေရှ့် နိုင်ငံသားတွေ မက္ကဆီကို နိုင်ငံကို လာနိုင်ရေး ငွေယူပြီး ကူညီခဲ့ကြောင်း Moktar Hossain က ဖြောင့်ချက်ပေးခဲ့တာပါ။

အဲဒီနောက်မှာ Rio Grande မြစ်ကို ဖြတ်ပြီး အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်ထဲကို ဘယ်လို ဝင်ရောက်ရသလဲ ဆိုတာကို လမ်းညွှန်ပေးပြီး ဒီဘင်္ဂလားဒေရှ့် နိုင်ငံသားတွေကို အမေရိကန် နယ်စပ်ကို ပို့ဆောင်ပေးဖို့ ကားသမားတွေကို သူက အခကြေးငွေ ပေးခဲ့ပါတယ်။ Hossain ကိုတော့ ဒီနှစ် နှောင်းပိုင်းမှာ ပြစ်ဒဏ် စီရင်ချက် ချမှာ ဖြစ်ပါတယ်။

လူမှောင်ခိုကူးမှုက အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်ကြောင်း လက်ထောက် ရှေ့နေချုပ် Brian A. Benczkowski က ပြောပါတယ်။ ဒီကနေ့ ဖြောင့်ချက် အရ တရားခံဟာ အကျိုးအမြတ် ရယူပြီး အမေရိကန် ပြည်ထောင်စု အတွင်းကို တရားမဝင် နိုင်ငံခြားသားတွေ မှောင်ခိုကူးခဲ့တယ်ဆိုတာ ထင်ရှားပေါ်လွင်ပြီး ဒီလုပ်ရပ် အတွက် အကျိုးဆက်တွေနဲ့ အမေရိကန် တရားရုံးမှာ ရင်ဆိုင်ဖို့ မျှော်လင့်ထားပါလို့လည်း ပြောဆိုခဲ့ပါတယ်။