ဂျေရုဆလင်အရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ကန်ဗီတိုသုံး ပယ်ချ

ဂျေရုဆလင်အရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ကန်ဗီတိုသုံး ပယ်ချ

ဂျေရုဆလင်ကို အစ္စရေးနိုင်ငံရဲ့မြို့တော်အဖြစ်အမေရိကန်ပြည်ထောင်စုက သတ်မှတ်ခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံ ခြုံရေးကောင်စီက ငြင်းပယ်တဲ့ဆုံးဖြတ်ချက်ကို အမေရိကန်ဘက်က ဗီတိုအာဏာသုံးပြီး မနေ့က ကန့်ကွက်ခဲ့ပါတယ်။

ဒါဟာ သမ္မတ Donald Trump အစိုးရလက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် ဗီတိုအာဏာကို သုံးစွဲခဲ့တာလည်းဖြစ်ပါတယ်။ အမေရိကန်သံရုံးကို ဘယ်မှာထားမလဲဆိုတာနဲ့ပတ်သက်ပြီး ဘယ်နိုင်ငံကမှ အမေရိကန်ကိုပြောလို့ရမှာ မဟုတ်ပါဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Nikki Haley က လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကိုပြောခဲ့ပါတယ်။

ဂျေရုဆလင်ကိစ္စနဲ့ပတ်သက်တဲ့ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်မူကြမ်းကို အီဂျစ်နိုင်ငံက တင်သွင်းခဲ့တာဖြစ်ပြီး ဒီမူကြမ်း ကို မနေ့က မဲခွဲခဲ့တဲ့အခါ အဖွဲ့ဝင်၁၄နိုင်ငံက ထောက်ခံပြီး အမေရိကန်က ကန့်ကွက်ခဲ့ပါတယ်။ မူကြမ်းထဲမှာ ဂျေရုဆလင်နဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက် မကြာခင်ကချခဲ့တာနဲ့ပတ်သက်ပြီး အကြီးအကျယ် စိတ်ပျက်ရတဲ့အကြောင်း ဆုံးဖြတ်ချက်မူ ကြမ်းမှာ ရေးသားထားပေမဲ့ ဘယ်နိုင်ငံက အခုလိုဆုံးဖြတ်တာလဲ၊ ဘယ်သူကဆုံးဖြတ်တာလဲဆိုဆိုတာကိုတော့ မူကြမ်း ထဲမှာ မဖေါ်ပြထားပါဘူး။

၆နှစ်ကျော်ကာလအတွင်းမှာ အမေရိကန်ပြည်ထောင်စုက ဗီတိုအာဏာကိုသုံးခဲ့တာ အခုဂျေရု ဆလင်ကိစ္စမှာ ပထမဆုံးအကြိမ်ပဲလို့လည်း အမေရိကန်သံအမတ် Nikki Haleyကပြောပါတယ်။ ဗီတိုအာဏာသုံးခဲ့နေရာ မှာ သဘောကျကျေနပ်ပြီးသုံးခဲ့တာမဟုတ်သလို ချီတုံချတုံဖြစ်ပြီးသုံးခဲ့တာလည်းမဟုတ်ဘူးလို့ Nikki Haleyကဆိုပါ တယ်။

အမေရိကန်ရဲ့အချုပ်အခြာအာဏာကိုကာကွယ်တဲ့အနေနဲ့ရော အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှာ အမေရိကန်ရဲ့အခန်းကဏ္ဍကို အကာအကွယ်ပေးတဲ့နေနဲ့ရော အခုလိုဗီတိုအာဏာကိုသုံးစွဲခဲ့တာဖြစ်ကြောင်း၊ ဒီလိုသုံးစွဲခဲ့တာဟာ အမေရိကန်အတွက် မလုံမလဲဖြစ်စရာဘာမှအကြောင်းမရှိပေမဲ့ လုံခြုံရေးကောင်စီမှာကျန်နေတဲ့ နိုင်ငံတွေအတွက်တော့ မလုံမလဲဖြစ်စရာပါလို့ Nikki Haleyကပြောပါတယ်။ သမ္မတ Trump ရဲ့ဆုံးဖြတ်ချက်ဟာ လုံခြုံ ရေးကောင်စီရဲ့လက်ရှိဆုံးဖြတ်ချက်တွေနဲ့လည်း ဆန့်ကျင်နေတာမဟုတ်ဘူးလို့လည်းသူကဆိုပါတယ်။

Your browser doesn’t support HTML5

ဂျေရုဆလင်အရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ကန်ဗီတိုသုံး ပယ်ချ