လူမျိုးရေးတန်းတူမှု သမ္မတရွေးကောက်ပွဲမဲဆွယ်ရာမှာ အဓိက ဆွေးနွေးလာ
Your browser doesn’t support HTML5
လူမည်းတွေရဲ့ အသက်ကိုလည်း တန်းတူတန်ဖိုးထားဖို့ တောင်းဆိုသူတွေနဲ့ သမ္မတ Trump ကို ထောက်ခံသူတွေအကြား လူသေဆုံးခဲ့တဲ့အထိ ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေမှာ လူမျိုးရေးတင်းမာမှုကိစ္စက အဓိက နေရာယူလာပါတယ်။ ဆန္ဒပြပွဲတွေကို တုံ့ပြန်ပြီး ဥပဒေစိုးမိုးရေး အားကောင်းအောင်လုပ်ဖို့ သမ္မတ Trump က ပြီးခဲတဲ့ သတင်းပတ်ကုန်က တုံ့ပြန်တဲ့အချိန်၊ ဒီမိုကရက်ပါတီက ပြိုင်ဘက် Joe Biden ကတော့ သမ္မတ Trump ဟာ အကြမ်းဖက်မှုတွေကို အဆင်အခြင်မဲ့ အားပေးနေတယ်လို့ ဝေဖန်ပါတယ်။ Brian Padden ရဲ့ သတင်းလွှာကို မမြသဇင်အောင် တင်ပြပါ့မယ်။