၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ Donald Trump ကို ရှုံးခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း ဖြစ်ခဲ့တဲ့ Hillary Clinton ဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် Trump က ဒုတိယသက်တမ်း ဝင်ယှဉ်ပြိုင်ဖို့ စီစဉ်နေချိန်မှာ ဒီရွေးကောက်ပွဲမှာ သူဝင်ပြီး ယှဉ်ပြိုင်မှာ မဟုတ်ဖူးလို့ Clinton က New York က ရုပ်သံမေးမြန်းခန်းတခုမှာ ပြောကြားခဲ့ပါတယ်။
သူ့အနေနဲ့ ပါဝင် မယှဉ်ပြိုင်ပေမယ့် သူ့ယုံကြည်ချက်အတိုင်း ဆက်လက် လုပ်ကိုင် ပြောဆိုသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ လက်ရှိ နိုင်ငံတွင်း ဖြစ်ပျက်နေတာနဲ့ ပတ်သက်လို့ သူ့အနေနဲ့ အလွန်ပဲ စိတ်မချမ်းမသာ ဖြစ်ရတယ်လို့လည်း Clinton ကပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ New York မြို့တော်ဝန် Michael Bloomberg ကလည်း သူဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း အင်္ဂါနေ့ နှောင်းပိုင်းက ပြောခဲ့ပြီး Trump ပြန်ပြီး အရွေးကောက် မခံရအောင် ဒီမိုကရက်တွေ ဘက်က သူကူညီသွားမယ်လို့ ပြောပါတယ်။
သမ္မတ Trump နဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဒီမိုကရက်တွေဘက်က ကြေညာခဲ့သူ အများအပြား ထဲမှာ အမျိုးသမီး လွှတ်တော် အမတ် ၅ ဦး ပါဝင်တဲ့အပြင် Vermont ပြည်နယ် အထက်လွှတ်တော် အမတ် Bernie Sanders လည်း ပါဝင်ပါတယ်။ အမျိုးသမီး လွှတ်တော်အမတ် ၅ ဦးကတော့ Massachusetts ပြည်နယ်က အထက်လွှတ်တော်အမတ် Elizabeth Warren ၊ New York ပြည်နယ်က Kirsten Gillibrand ၊ Minnesota က Amy Klobuchar ၊ Califonia က Kamal Harris နဲ့ Hawaii ပြည်နယ်က အောက်လွှတ်တော်အမတ် Tulsi Cabbard တို့ ဖြစ်ပါတယ်။
ဒုသမ္မတဟောင်း Joe Biden ကတော့ သူ့ရဲ့ မိသားစုက သူ့ကို ဝင်ပြိုင်စေချင်ပေမယ့် သူကတော့ စဉ်းစားနေဆဲပဲ လို့ ပြောပါတယ်။ ဒီမိုကရက်တွေ ဘက်က လောလောဆယ် ဝင်ရောက် ယှဉ်ပြိုင်ဖို့ အမည်စာရင်း ပေးထားသူက ၁၂ ဦး ရှိပါတယ်။
Your browser doesn’t support HTML5