တိုင်းချစ်ပြည်ချစ် ပညာရေး သင်ရိုးနဲ့ နိုင်ငံရေးမှာ ငြင်းခုံစရာဖြစ်

Your browser doesn’t support HTML5

အမေရိကန်ကျောင်းတွေမှာ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်ကို မြှင့်တင်ပေးတဲ့ သင်ရိုးတွေထည့်သွင်းသင်ကြားပေးသွားမယ့် အစီအစဉ်တွေကို သမ္မတ Trump ကြေညာခဲ့ပါတယ်။ အမေရိကန်ကို လူမျိုးရေးခွဲခြားတဲ့ နိုင်ငံတခုအဖြစ် အမြင်ရောက်စေတဲ့ လက်ဝဲစွန်းတွေရဲ့ အယူဝါဒသွတ်သွင်းမှုတွေကနေ အကာအကွယ်ပေးချင်တယ်လို့ သမ္မတ Trump ကပြောပါတယ်။