အီရန်ကိုကူညီတဲ့ တရုတ်နဲ့ ယူအေအီးကုမ္ပဏီတွေ ကန် ဒဏ်ခတ်အရေးယူ

A general view of Abadan oil refinery in southwest Iran, is pictured from Iraqi side of Shatt al-Arab in Al-Faw south of Basra, Iraq September 21, 2019. REUTERS/Essam Al-Sudani

{{Zawgyi/Unicode}}

အမေရိကန်ပြည်တောင်စုက အီရန်နိုင်ငံရဲ့ ရေနံဓာတုပစ္စည်းတွေရောင်းချရာမှာ အကူအညီပေးခဲ့ကြတဲ့ တရုတ်နဲ့ယူအေအီးနိုင်ငံက ကုမ္ပဏီတွေကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာတော့ ဒီနှစ်အစောပိုင်းထဲက ပိတ်ဆို့အရးယူခံထားရတဲ့ Triliance Petrochemical Co.Ltd ကထုတ်လုပ်တဲ့ အီရန်ရဲ့ ရေနံဓာတုထုတ်ကုန်တွေကိုတင်ပို့ရာမှာ အကူအညီပေးတဲ့ ကုမ္ပဏီနာမည်လေးခုကို အမည်မဲစာရင်းထဲ ထည့်သွင်းဖော်ပြထားပါတယ်။

အဲဒီကုမ္ပဏီလေးခုကတော့ တရုတ်နိင်ငံအခြေစိုက် Donghai International Ship Management Limited နဲ့ Petrochem South East Limited တို့ဖြစ်ကြပြီး UAE အခြေစိုက် Alpha Tech Trading နဲ့ Petroliance တို့ဖြစ်ကြပါတယ်။

ဒီလို အရေးယူဆောင်ရွက်မှုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေထဲကစလို့ နေ့စဉ်နီးပါး ဒေါ်နယ်ထရန့်အစိုးရရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုတွေချမှတ်နေတဲ့အထဲက တခုဖြစ်ပြီး အများစုဟာ အီရန်အစိုးရကို ပစ်မှတ်ထားအရေးယူတာပါ။ လေ့လာသူတွေကတော့ ဒီလိုပိတ်ဆို့အရေးယူပြီး အီရန်အစိုးရကို ဖိအားပေးတာဟာ ရွေးကောက်ခံသမ္မတ ဂျိူးဘိုင်ဒန်ရဲ့ အီရန်နိုင်ငံနဲ့နျူးကလီးယားစာချုပ်တွေကို ပြန်လည်သဘောတူညီမှုတွေလုပ်ဆောင်ရာမှာ ပိုမို ရှုပ်ထွေးအောင်လုပ်သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီပိတ်ဆို့ဒဏ်ခတ်မှုအရ အမေရိကန်နိုင်ငံအတွင်းမှာရှိတဲ့ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားမှာဖြစ်ပြီး သူတို့နဲ့ မပက်သက်ဖို့ အခြားကုမ္ပဏီတွေကိုလည်း တားဆီးထားတာ ဖြစ်ပါတယ်။ အမည်မဲစာရင်း တင်သွင်းခြင်းခံထားရတဲ့အဖွဲ့အစည်းတွေနဲ့ဘဏ္ဍာရေးအရ ဆက်နွယ်ပက်သက်တဲ့ အခြား အဖွဲ့အစည်းတွေဟာလည်း ပိတ်ဆို့ခြင်းခံရဖို့ အန္တရာယ်ရှိကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

....................................................

Your browser doesn’t support HTML5

အီရန်ကိုကူညီတဲ့ တရုတ်နဲ့ ယူအေအီးကုမ္ပဏီတွေ ကန် ဒဏ်ခတ်အရေးယူ

{{Unicode}}



အဲဒီကုမ်ပဏီလေးခုကတော့ တရုတျနိငျငံအခွစေိုကျ Donghai International Ship Management Limited နဲ့ Petrochem South East Limited တို့ဖွဈကွပွီး UAE အခွစေိုကျ Alpha Tech Trading နဲ့ Petroliance တို့ဖွဈကွပါတယျ။

