[Zawgyi/Unicode]
ပြီးခဲ့တဲ့ အပတ်ထဲ ကျင်းပခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပုံမှန်မဟုတ်တဲ့ မဲပေးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ အမေရိကန် ရှေ့နေချုပ် Bill Barr က ပြည်ထောင်စုတရားရုံးရှေ့နေတွေကို ခွင့်ပြုမိန့်ထုတ်ပြန်ပေးလိုက်ပါတယ်။ ဒီခွင့်ပြုမိန့်ကို Barr က တနင်္လာနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး မီဒီယာတွေက ရရှိတဲ့ မိတ္တူမှာတော့ ဘယ်လို မဲမသမာမှုတွေ ရှိတယ်ဆိုတာကို တိတိကျကျဖော်ပြထားတာ မရှိပါဘူး။
အဲဒီအမိန့်စာမှာ မဲပေးတာနဲ့ ပတ်သက်လို့ မမှန်မကန် ပြုလုပ်ခဲ့ကြောင်း ယုံကြည်ရလောက်တဲ့ စွပ်စွဲချက်တွေ ထင်ရှားရင် စစ်ဆေးပိုင်ခွင့်ရှိတယ်လို့ပါရှိပြီး အဲဒီလို လုပ်ခဲ့တာမှန်ကန်ရင် ပြည်နယ်တခုချင်းစီက ရွေးကောက်ပွဲရလဒ်တွေအပေါ် ထိခိုက်နိုင်ခြေရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ မူလက ရှိထားတဲ့ တရားရေးဌာနမူဝါဒက ပြည်နယ်တခုချင်းစီက ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေက အာမခံမှသာ ဒီလို စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ခွင့်ရှိတာပါ။ ဒါကလည်း ရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်လို့ ဗဟိုအစိုးရက ကြားဝင်စွက်ဖက်မှု မရှိစေရေးအတွက် ဟန့်တားထားတာဖြစ်ပါတယ်။
SEE ALSO: အမေရိကန်မှာ ပထမဆုံး အမျိုးသမီး ဒု သမ္မတဖြစ်လာဖို့ရှိနေတဲ့ Kamala Harris ဆိုတာ ဘယ်သူလဲဒီလို ရှေ့နေချုပ်ရဲ့ ခွင့်ပြုမိန့် ထုတ်ပြန်လိုက်တာကြောင့် ရွေးကောက်ပွဲရာဇဝတ်မှုဆိုင်ရာ ကိစ္စတွေမှာ တာဝန်ယူရတဲ့ တရားရေးဌာန တာဝန်ရှိသူ Richard Pilger က ရာထူးကနုတ်ထွက်မယ်လို့ တနင်္လာနေ့တုန်းက သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေကို အီးမေးလ်ရေးသားပေးပို့ခဲ့ပါတယ်။
ပြည်နယ်တွေအနေနဲ့ မဲပြန်ရေတွက်တာ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တရားစွဲဆိုမှုတွေဖြေရှင်းတာတွေကို ဒီဇင်ဘာလ ၈ ရက်နေ့အထိ ဆောင်ရွက်နိုင်ပါတယ်။ ဒီနောက် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ သမ္မတရွေးချယ်ရေးအဖွဲ့က သမ္မတ အဖြစ်အနိုင်ရသူကို တရားဝင်ရွေးချယ် ကြေညာပေးသွားမှာဖြစ်ပါတယ်။
Your browser doesn’t support HTML5
[Unicode Version]
SEE ALSO: အာဏာ အကူးအပြောင်းလုပ်ငန်းစဉ်များ Joe Biden ပြင်ဆင်ဒီလို ရှေ့နခြေုပျရဲ့ ခှင့ျပွုမိန့ျ ထုတျပွနျလိုကျတာကွောင့ျ ရှေးကောကျပှဲရာဇဝတျမှုဆိုငျရာ ကိစ်စတှမှော တာဝနျယူရတဲ့ တရားရေးဌာန တာဝနျရှိသူ Richard Pilger က ရာထူးကနုတျထှကျမယျလို့ တနငျ်လာနေ့တုနျးက သူ့ရဲ့လုပျဖောျကိုငျဘကျတှကေို အီးမေးလျရေးသားပေးပို့ခဲ့ပါတယျ။