ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသတွင်း လူပေါင်း သိန်းနဲ့ချီ ထွက်ပြေးခဲ့ရပြီး အခုနောက်ပိုင်းမှာလည်း တိုက်ပွဲတွေက ရှိနေတာကြောင့် ဘင်္ဂလားဒေရှ့်နဲ့ နယ်စပ် ကုန်သွယ်ရေးပိုင်းမှာ နစ်နာနေရပါတယ်။
ရခိုင်ပြည်နယ်တွင်း လုံခြုံရေး အခြေအနေကြောင့် ကုန်စည်သယ်ဆောင်ရေး အခက်အခဲ၊ ကုန်သည်တွေကြား ယုံကြည်မှု လျော့လာတဲ့ အခြေအနေ အပြင် ဘင်္ဂလားဒေရှ့် ဘက်ကိုလည်း မြန်မာကုန်သည်တွေ ကူးလူးသွားလာခွင့် မရ ဖြစ်နေတာပါ။
မြန်မာဘက်က ပို့ကုန် အများစုနဲ့ အသာစီးရနေတဲ့ မောင်တော နယ်စပ် ကုန်သွယ်ရေး အခြေအနေတွေကို မောင်တောနယ်စပ် ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဦးအောင်မြင့်သိန်းနဲ့ ဆက်သွယ်မေးမြန်းပြီး ဒီသတင်းပတ် စီးပွားရေး ကဏ္ဍမှာ တင်ပြထားပါတယ်။ မသိင်္ဂ ီထိုက် စီစဉ် တင်ဆက်တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5