၂၀၁၇ ခုနှစ်ရောက်တဲ့အခါ ဘက်ထရီနဲ့ လျှပ်စစ်မီးကြိုးတွေလို ကမ္ဘာတလွှား နှစ်စဉ်စွန့်ပစ်နေတဲ့ အီလက်ထရောနစ်အမှိုက်နဲ့အညစ်အကြေးပမာဏဟာ ၃၃ % အထိ တိုးတက်လာလိမ့်မယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ခန့်မှန်းလိုက်ပြီး စွန့်ပစ် လျှပ်စစ်ပစ္စည်းတွေရဲ့ အန္တရာယ်ကို သတိပေးလိုက်ပါတယ်။
“အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းပြဿနာ ဖြေရှင်းမှု” လို့ အမည်ပေးထားတဲ့ ကုလသမဂ္ဂရဲ့ ဦးဆောင်လုပ်ငန်း အဖွဲ့ဟာ တနင်္ဂနွေနေ့က အစီရင်ခံစာတစ်စောင်ထုတ်ပြန်ရာမှာ တိုးတက်ဆဲနိုင်ငံတွေက စွန့်ပစ်ပစ္စည်း အများစု အပါအဝင် နှစ်စဉ် စွန့်ပစ် လျှပ်စစ်ပစ္စည်းပမာဏမြင့်တက်လာနေပြီး ၂၀၁၇ ခုနှစ်ရောက်ရင် မက်ထရစ်တန်ပေါင်း ၆၅.၄ သန်းအထိ မြင့်တက်လာနိုင်တဲ့အကြောင်း တင်ပြထားပါတယ်။
မနှစ်က ဈေးကွက်ထဲကိုတင်သွင်းတဲ့အထဲမှာ တရုတ်နိုင်ငံက လျှပ်စစ်ပစ္စည်းပမာဏက အမြင့်ဆုံးဖြစ်ပြီး အမေရိကန်နိုင်ငံက ဒုတိယလိုက်တယ်လို့ ကုလသမဂ္ဂမဟာမိတ်အဖွဲ့တွေ၊ လူထုအခြေပြုအဖွဲ့တွေနဲ့ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွေက မှတ်ချက်ပေး ပြောထားပါတယ်။ တကယ်တော့ စီးပွားရေးဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့ ထွန်းသစ်စနိုင်ငံတွေရဲ့ လျှပ်စစ် စွန့်ပစ်ပစ္စည်းပမာဏက စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေရဲ့ စွန့်ပစ်ပစ္စည်းပမာဏနဲ့ အတူတူလောက်ပဲ ရှိနေတာဖြစ်ပါတယ်။
အီလက်ထရောနစ်စွန့်ပစ္စည်းတွေထဲမှာ လျှပ်စစ်မီးကြိုးနဲ့ ဘက်ထရီလိုပစ္စည်းတွေပါဝင်ပြီး ဒီပစ္စည်းတွေက လူသားနဲ့ ပတ်ဝန်းကျင်အတွက် အဆိပ်အတောက်ဖြစ်စေနိုင်စွမ်းရှိပါတယ်။ စွန့်ပစ်ပစ္စည်းနဲ့ ပတ်သက်လို့ တစိုက်မတ်မတ် သတင်းအချက်အလက် တင်ပြမှုမရှိဘဲ အီလက်ထရောနစ် အမှိုက်သရိုက်နဲ့ စွန့်ပစ် ပစ္စည်းဆိုင်ရာ အရေးယူဆောင်ရွက်ရမယ့် စည်းကမ်းတွေချမှတ်ဖို့အရေးမှာ အခက်အခဲရှိတာကြောင့် ပိုပြီး ကောင်းမွန်တဲ့ စောင့်ကြည့်လေ့လာရေးအစီအစဉ်တွေလုပ်ဖို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာက တောင်းဆိုထားပါတယ်။