(Zawgyi / Unicode)
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးနဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုကို ဆွေးနွေးကြဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres နဲ့ တရုတ်သမ္မတ Xi Jinping တို့ တွေ့ဆုံခဲ့ကြပါတယ်။
ကတိပေးထားတဲ့အတိုင်း ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း သန်း ၂,၀၀၀ ကို ကမ္ဘာကို ပေးပြီးကြောင်း သမ္မတ Xi Jinping က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို ပြောခဲ့တယ်လို့ တရုတ် နိုင်ငံတော်ပိုင် ရုပ်မြင်သံကြား CCTV က ဆိုပါတယ်။ ၂၀၂၂ အကုန်မှာ ကမ္ဘာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပြီး ဖြစ်ရမယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ ရည်မှန်းချက်ကို အခိုင်အမာ ထောက်ခံပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဆက်လက်ကူညီမယ်လို့လည်း ပြောခဲ့ကြောင်း CCTV သတင်းမှာ ပြောထားပါတယ်။
၄ ရက်နေ့ညက ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ပွဲကို သူတို့ ၂ ယောက်လုံး တက်ရောက်ခဲ့ကြပါတယ်။ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပတဲ့အတွက် တရုတ်ကို ကျေးဇူးတင်ကြောင်းနဲ့ ကပ်ဘေးကို တွန်းလှန်တိုက်ခိုက်ရာမှာ တရုတ်နိုင်ငံရဲ့ အားထုတ်မှုတွေကို အသိအမှတ်ပြုပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တရုတ်သမ္မတကို ပြောကြားခဲ့တယ်လို့ CCTV က ဆိုပါတယ်။
Your browser doesn’t support HTML5
---------------------
(Unicode)
ကပျဘေးနဲ့ ကမ်ဘာ့ဖှံ့ဖွိုးမှု တရုတျသမ်မတနဲ့ ကုလအတှငျးရေးမှူးခြုပျ ဆှေးနှေး
ကိုရိုနာဗိုငျးရပျဈ ကပျဘေးနဲ့ ကမ်ဘာ့ဖှံ့ဖွိုးတိုးတကျမှုကို ဆှေးနှေးကွဖို့အတှကျ ကုလသမဂ်ဂ အတှငျးရေးမှူးခြုပျ Antonio Guterres နဲ့ တရုတျသမ်မတ Xi Jinping တို့ တှေ့ဆုံခဲ့ကွပါတယျ။