တိုင်ဖုန်းကြာင့် တရုတ်တောင်ပိုင်းမှာ လူ ၁၂ဦးသေဆုံး

တရုတ်နိုင်ငံတောင်ပိုင်းမှာ အင်အားပြင်းထန်တဲ့ တိုင်ဖုန်းမုန်တိုင်းကြောင့်၊ ၁၂ ယောက်သေဆုံးပြီး၊ လူထောင်ပေါင်းများစွာ သူတို့ရဲ့ နေအိမ်တွေကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပြီး၊ ရေကြီးတာတွေ လျှပ်စစ်မီးပြတ်တောက်တာတွေ နဲ့ ရင်ဆိုင်နေရပါတယ်။

Hato တိုင်ဖုန်းမုန်တိုင်းကြောင့်၊ မကာအိုမှာ လူ ၈ ယောက်သေဆုံးပြီး၊ ၁၀၀ ကျော်ဒဏ်ရာရသွားပါတယ်။ ဒါဟာ မကာအိုမှာ နှစ် ၅၀ အတွင်း အဆိုးရွားဆုံးဖြစ်ပေါ်တဲ့ မုန်တိုင်းဖြစ်ပါတယ်။

မကာအိုနဲ့ ကပ်လျှက် ဂွမ်ဒေါင်းပြည်နယ်မှာတော့ ၄ ယောက်သေဆုံးခဲ့ပြီး၊ မုန်တိုင်းကြောင့် လူ ၂ သန်းလောက် လျှပ်စစ်မီးမရှိဘဲ နေနေရသလို၊ လေယာဉ် နဲ့ ရထားခရီးစဉ်တွေလည်း ပျက်ကုန်တယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းအေဂျင်စီက ပြောပါတယ်။

ဟောင်ကောင်မှာတော့ ရေကြီးပြီး၊ ဒဏ်ရာရတဲ့သူ ဒါဇင်နဲ့ ချီရှိတယ်လို့ သတင်းတွေ ဆိုပါတယ်။

မုန်တိုင်းဟာ ဒီကနေ့ကြာသပတေးနေ့မှာ ကုန်းတွင်းပိုင်းကိုဝင်ရောက်သွားတဲ့အတွက် အားပျော့သွားပေမယ့်၊ ဗီယက်နမ်နိုင်ငံ နဲ့ နယ်စပ် တရုတ်နိုင်ငံတောင်ပိုင်းဒေသတွေမှာတော့ မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။

Your browser doesn’t support HTML5

တိုင်ဖုန်းကြာင့် တရုတ်တောင်ပိုင်းမှာ လူ ၁၂ဦးသေဆုံး