တူရကီနိုင်ငံမှာ ငွေကြေး ဈေးကစားပြီး ကုန်ဈေးနှုန်းတက်အောင် လုပ်ဆောင်နေတဲ့ မသမာသူတွေကို ပြစ်ဒဏ်ခတ်အရေးယူသွားမယ်လို့ တူရကီသမ္မတ Recip Tayyip Erdogan က ဒီကနေ့ ပြောလိုက်ပါတယ်။
မြို့တော် အန်ကာရာအပြင်ဘက်က အာဏာရ AK ပါတီရဲ့ တွေ့ဆုံပွဲမှာ မသမာသူတွေရဲ့ အညှာအတာကင်းမဲ့တဲ့ လုပ်ရပ်တွေကနေ လူထုကို အကာကွယ်ပေးသွားမှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
တူရကီအနေနဲ့ ငွေးကြေးအကြပ်တည်း ရင်ဆိုင်နေရတဲ့အချိန်မှာ ဈေးအဆန်မတန်မြှင့်တင်ရောင်းနေတဲ့ ဈေးဆိုင်တွေကိုတွေ့ရင် သတင်းပေးဖို့ အာဒိုဝမ်က လူထုကို နှိုးဆော်ထားပြီး တကယ်လို့ လိုအပ်မယ်ဆိုရင် အဲဒီလုပ်ငန်းတွေကို အာဏာပိုင်တွေအနေနဲ့ ဝင်ရောက်စီးနင်းမယ်လို့လည်း သူကပြောကြားပါတယ်။
Your browser doesn’t support HTML5