ယူကရိန်းသမ္မတနဲ့ တယ်လီဖုန်းစကားပြောဆိုမှု နောက်ထပ်မှတ်တမ်းတခု Trump ထုတ်ပြန်မည်

Air Force One လေယာဉ်ပေါ်မတက်မီ သတင်းထောက်များအား ပြောကြားနေသည့် သမ္မတ Trump. (နိုဝင်ဘာ ၉၊ ၂၀၁၉)

(Zawgyi / Unicode)

ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ သူ တယ်လီဖုန်းဆက် စကားပြောထားတဲ့ နောက်ထပ်မှတ်တမ်းတခုကို ထုတ်ပြန်ဦးမယ်လို့ သမ္မတ Donald Trump က စနေနေ့မှာ ပြောပါတယ်။

ဇူလိုင်လက သမ္မတ Trump နဲ့ သမ္မတ Zelenskiy တို့ တယ်လီဖုန်းဆက် စကားပြောတုန်းက နိုင်ငံရေးအရ သူ့အတွက် တခုလုပ်ပေးဖို့ သမ္မတ Trump က တိုက်တွန်းပြောခဲ့တာ ထွက်လာတာကြောင့် သူ့ကို တရားစွဲဖို့ အခု စုံစမ်းစစ်ဆေးမှု စဖြစ်လာတာပါ။

အခုပြောတဲ့ နောက်တခုဆိုတာကတော့ ဧပြီလမှာ သမ္မတ Zelenskiy သမ္မတအဖြစ် ရွေးကောက်ခံရပြီး သိပ်မကြာခင်မှာပဲ ပြောခဲ့ကြတာဖြစ်ပြီး ဒီပြောဆိုချက် အသေးစိတ်ကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့ သူ့အတွက် ပြဿနာမရှိဘူးလို့ သမ္မတ Trump က ပြောပါတယ်။

အဲဒီပြောဆိုချက် အသေးစိတ်ကို အင်္ဂါနေ့မှာ ထုတ်ပြန်မယ်လို့ သမ္မတက ဆိုပါတယ်။

“သိပ်အရေးကြီးတဲ့ နောက်ထပ် မှတ်တမ်းတခု ထုတ်ပေးဖို့ရှိပါတယ်။ သူတို့က တောင်းထားပြီး ကျေကျေနပ်နပ်ပဲ ကျနော်ပေးမှာပါ” လို့ Air Force One လေယာဉ်ပေါ်မတက်ခင် သမ္မတ Trump က သတင်းထောက်တွေကို ပြောသွားပါတယ်။

----------------------------------

(Unicode)




အခုပွောတဲ့ နောကျတခုဆိုတာကတော့ ဧပွီလမှာ သမ်မတ Zelenskiy သမ်မတအဖွဈ ရှေးကောကျခံရပွီး သိပျမကွာခငျမှာပဲ ပွောခဲ့ကွတာဖွဈပွီး ဒီပွောဆိုခကြျ အသေးစိတျကို လူသိရှငျကွား ထုတျပွနျပေးဖို့ သူ့အတှကျ ပွူနာမရှိဘူးလို့ သမ်မတ Trump က ပွောပါတယျ။

အဲဒီပွောဆိုခကြျ အသေးစိတျကို အငျ်ဂါနေ့မှာ ထုတျပွနျမယျလို့ သမ်မတက ဆိုပါတယျ။


Your browser doesn’t support HTML5

ယူကရိန်းသမ္မတနဲ့ တယ်လီဖုန်းစကားပြောဆိုမှု နောက်ထပ်မှတ်တမ်းတခု Trump ထုတ်ပြန်မည်