TikTok ရဲ့ အမေရိကန်ဆိုင်ရာ စီမံခန့်ခွဲမှုကို စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားရောင်းချဖို့ သမ္မတ Trump ရာဇသံပေး

သမ္မတ Donald Trump (သြဂုတ်လ ၃ ရက်နေ့)

(Zawgyi/Unicode)

တရုတ်ပိုင် TikTok ဗွီဒီယို App ရဲ့ အမေရိကန် ဆိုင်ရာ စီမံခန့်ခွဲမှုကို လာမယ့် စက်တင်ဘာလ ၁၅ ရက်အထိ အမေရိကန် လုပ်ငန်းကြီး တခုက မဝယ်ဘူးဆိုရင်တော့ လူသုံးများတဲ့ TikTok App ကို အမေရိကန်မှာ လုံး၀ ပိတ်ပစ်မယ်လို့ သမ္မတ Donald Trump က တနလာၤနေ့မှာ ပြောဆို လိုက်ပါတယ်။

“Microsoft ဒါမှမဟုတ်လည်း တယောက်ယောက်က သဘောတူညီချက်ရပြီး မဝယ်နိုင်ဘူးဆိုရင်တော့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ TikTok ကိုပိတ်ပစ်မယ်” လို့ သမ္မတ Trump က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။”

SEE ALSO: TikTok ဝယ်ယူရေး မက်ကရိုဆော့ဖ်အကြီးအကဲ သမ္မတနဲ့ ဆွေးနွေးခဲ့

TikTok ကစုဆောင်းထားတဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို တရုတ် အစိုးရက ရယူနိုင်ပြီး ထောက်လှမ်းရေးနဲ့ တခြား ရည်ရွယ်ချက်တွေနဲ့ပါ အသုံးပြုနိုင်တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုထားပြီး TikTok App ကို အမေရိကန် အမျိုးသား လုံခြုံရေး အရ တရားဝင် စုံစမ်းစစ်ဆေးနေပါတယ်။

TikTok ကို ဝယ်ယူရေးနဲ့ ပတ်သက်ပြီး Microsoft လုပ်ငန်းကြီးနဲ့ ဆွေးနွေးခဲ့တယ်ဆိုတာကိုလည်း သမ္မတ Trump က အတည်ပြု ပြောဆိုပါတယ်။ တချိန်တည်းမှာဘဲ TikTok ရဲ့ မိခင် ကုမ္ပဏီ ByteDance က TikTok ရုံးချုပ်ကို ပြည်ပကို ရွှေ့ဖို့ စဉ်းစား သုံးသပ်နေကြောင်း တနလာၤနေ့မှာဘဲ ပြောပါတယ်။ TikTok ရုံးချုပ်ကို ဗြိတိန် နိုင်ငံ လန်ဒန်ကို ရွှေ့ပြောင်းနိုင်တယ်လို့ ဗြိတိန် မီဒီယာက ဖော်ပြပြီးနောက် ByteDance က အခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

TikTok ရဲ့ အမေရိကန်ဆိုင်ရာ စီမံခန့်ခွဲမှုကို စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားရောင်းချဖို့ သမ္မတ Trump ရာဇသံပေး


..............


(Unicode)



SEE ALSO: အမေရိကန်မှာ TikTok သုံးတာ ပိတ်မယ် - သမ္မတ Trump

