အမေရိကန်သမ္မတ Donald Trump က နိုင်ငံရဲ့အမြင့်ဆုံး ဥပဒေထိန်းသိမ်းရေးအရာရှိဖြစ်တဲ့ နိုင်ငံတော်ရှေ့နေချုပ်ကို ဗုဒ္ဓဟူးနေ့မှာ ရာထူးက ဖယ်ရှားလိုက်ပါတယ်။ ဒါဟာ ၂၀၁၆ ရွေးကောက်ပွဲတုန်းက ရုရှားဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုတဲ့ ကိစ္စအပေါ် စုံစမ်းစစ်ဆေးနေတဲ့ ကိစ္စကို လမ်းကြောင်းလွဲှဖို့ ကနဦးလုပ်ရပ်ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေက မြင်နေကြပါတယ်။
သူ့ကို တရားရေးဌာန အကြီးအကဲရာထူးက နုတ်ထွက်ဖို့ သမ္မတ Trump ရဲ့ မေတ္တာရပ်ခံချက်ကို သူလိုက်နာတာဖြစ်တယ်လို့ ရှေ့နေချုပ် Jeff Sessions က သူ့ရဲ့ စာတစောင်မှာ ဖေါ်ပြထားပါတယ်။
“သမ္မတရဲ့ မေတ္တာရပ်ခံချက်အရ ကျနော်ရဲ့ နုတ်ထွက်စာကို တင်သွင်းပါတယ်။ ခင်ဗျားသမ္မတရွေးကောက်ပွဲ မဲဆွယ်တုံးက အဓိကအချက်တရပ်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး ခိုင်မာအောင် ကျနော် လုပ်ဆောင်ခဲ့တယ်” လို့လဲ ရေးထားပါတယ်။
Jeff Sessions ရဲ့နေရာမှာ သူ့ရဲ့လက်ထောက်အရာရှိကြီးတဦးဖြစ်တဲ့ Matthew Whitaker က ယာယီရှေ့နေချုပ် အဖြစ်ဆောင်ရွက်လိမ့်မယ်လို့ သမ္မတ Trump က ဗုဒ္ဓဟူးနေ့က Twitter မှာ ဖေါ်ပြထားပါတယ်။
Your browser doesn’t support HTML5