လိင်ပြောင်းကျောင်းသူကျောင်းသားများ သန့်စင်ခန်းအသုံးပြုမှုညွှန်ကြားချက် သမ္မတTrump ပယ်ဖျက်

လိင်ပြောင်းကျောင်းသူကျောင်းသားများအတွက် သန့်စင်ခန်း

လိင်ပြောင်းထားတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ သန့်စင်ခန်းနဲ့ ကျောင်းသုံးပစ္စည်းထားတဲ့အခန်းတွေကို အသုံးပြုတာမှာ သူတို့မွေးရာပါ လိင်အမှတ်အသားအတိုင်းမဟုတ်ဘဲ လက်ရှိရှိနေတဲ့ လိင်ပိုင်းအနေအထားအတိုင်း သုံးခွင့်ပြုထားတဲ့ အရင် ညွှန်ကြားချက်တွေကို အမေရိကန် ဖက်ဒရယ်အစိုးရက ပြန်ရုပ်သိမ်းလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ သမ္မတ ဘရာ့ခ် အိုဘားမားအစိုးရက ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက်ကနေ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားရင်ဆိုင်ရတာ တွေ သိသိသာသာဖြစ်ခဲ့တယ်လို့ တရားရေးဌာနနဲ့ ပညာရေးဌာနတို့ကနေ နိုင်ငံတဝန်းကကျောင်းတွေကို ဗုဒ္ဓဟူးနေ့ကပေးပို့တဲ့ ပူးတွဲစာထဲမှာ ဖော်ပြထားပါတယ်။

သမ္မတအိုဘားမားအစိုးရရဲ့ ညွှန်ကြားချက်တွေဟာ Title IX လို့သိကြတဲ့ ဥပဒေအပေါ် အခြေခံထားတာပါ။ ပညာရေးမှာ လိင်ပိုင်း ဆိုင်ရာ ခွဲခြားတာကို ပိတ်ပင်တားမြစ်ထားတဲ့ ဒီဥပဒေမှာ ကျားမ ခွဲခြားသတ်မှတ်တဲ့ကိစ္စလဲ အကျူံးဝင်တယ်လို့ ညွှန်ကြားချက်မှာ ပြောထားပါတယ်။

အဲဒီလိုဆုံးဖြတ်ချက်မျိုးကို ချမှတ်ဖို့ရာ ပြည်နယ်နဲ့ ဒေသန္တရ ပညာရေးဌာနတွေအပေါ် မူတည်ပြီး ဖက်ဒရယ်အစိုးရက ဆုံးဖြတ် ရမှာ မဟုတ်ဘူးလို့ အရင်က ညွှန်ကြားထားတာကို ပြန်ပြောင်းပြီးတော့ ဗုဒ္ဓဟူးနေ့ကပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စကို ကိုင်တွယ်ဆောင်ရွက်ရေး သင့်တော်တဲ့မူဝါဒတွေကို ကွန်ဂရက်လွှတ်တော်၊ ပြည်နယ်လွှတ်တော်တွေနဲ့ ဒေသန္တရအစိုးရ တွေက ချမှတ်ရမှာဖြစ်တယ်လို့ ရှေ့နေချုပ် Jeff Sessions ကပြောပါတယ်။